Misumi Tech Tutorial ရဲ့ ခေါင်းစဥ်ခွဲဖြစ်တဲ့ Low Cost Automation Tutorial ထဲက Stepper Motor ရဲ့ Step Angle နဲ့ Rotation Per Minute အကြောင်းကို အဓိကထားရေးသွားမှာပါ။ Theory ဖြစ်တာနဲ့အညီ Stepper Motor ကို PLC ထဲမှာ Program နဲ့ဘယ်လိုရေးရမလဲဆိုတာတော့ပြောသွားမှာမဟုတ်ပါဘူး။ တွက်နည်းကိုပဲအဓိက ထားပြီးပြောသွားမှာပါ။
Stepper Motor ရဲ့ Motion ကို Control လုပ်ဖို့အတွက်အဓိက System သုံးခုလိုအပ်ပါတယ်။ အဲ့တာတွေကတော့
-Controller
-Driver
-Stepper Motor တို့ပဲဖြစ်ပါတယ်။
Controller ဆိုတာကတော့ PLC လည်းဖြစ်ချင်ဖြစ်မယ်။ Stepper Motor Controller လည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။ တကယ့် Main System ကတော့ သုံးခုပါပဲ။ PLC နဲ့ Stepper Controller ကိုပေါင်းပြီးလည်း Control လုပ်လို့ရပါတယ်။ လက်တွေ့ Low Cost စမ်းသပ်နေကြတဲ့သူတွေကတော့ PLC ကို Controller အနေနဲ့ပဲသုံးကြတာများပါတယ်။ Controller ကထွက်တဲ့ Data တွေ Pulse တွေကို Driver ထဲကိုပို့ပါတယ်။ Driver ကနေ လက်ခံလို့ရတဲ့ Pulse တွေကို Electrical Current အနေနဲ့ ပြောင်းပြီးတော့ Stepper Motor ကို Control လုပ်ပါတယ်။
Step Angle တွက်ချက်နည်းကတော့ 360° ကိုတည်ပြီးတော့ Number of Pulses နဲ့စားပေးလိုက်ရုံပါပဲ။ Step Angle ကိုလည်း နောက်တစ်မျိုးက Rotation Angle လို့လည်းခေါ်ပါသေးတယ်။
Rotation Angle = Step Angle × Number Pulses
ဥပမာတွက်ပြရရင်, 2 Phases Motor တစ်ခုမှာ 200 Pulses သုံးထားရင်
Rotation Angle = 360 / 200 = 1.8° ရပါတယ်။
နောက်တစ်ခုက Rotation Per Minute တွက်နည်းပါ။ Rotation per Minute ကတော့ တစ်မိနစ်ကိည အပတ်ရေ ဘယ်လောက်ပတ်လဲဆိုတဲ့အဓိပ္ပာယ်ပါ။
Rotation per Minute = ( Step Angle / 360° ) × Pulse Rate ( Hz ) × 60
ဥပမာ Step Angle 0.72 ရှိပြီး Pulse Rate က 100 Hzရှိတယ်ဆိုပါတော့။
Rotation Per Minute = ( 0.72 / 360 ) × 100 × 60
Rotation Per Minute = 12 r/min
အဲ့တော့အဖြေက ၁ မိနစ်ကို အပတ်ရေ ၁၂ပတ်လောက် ပတ်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ ဒီနေရာမှာ တစ်ချက်မှတ်ရမှာက အရှိန်များတဲ့ Speed ကိုလိုချင်ရင် Pulse Rate ကိုများများပေးလိုက်ရုံပဲ။
Reference : Misumi's Low Cost Automation Tutorial
Comments
Post a Comment