Skip to main content

Calculation Theory of Stepper Motor

    Misumi Tech Tutorial ရဲ့ ခေါင်းစဥ်ခွဲဖြစ်တဲ့ Low Cost Automation Tutorial ထဲက Stepper Motor ရဲ့ Step Angle နဲ့ Rotation Per Minute အကြောင်းကို အဓိကထား​ရေးသွားမှာပါ။ Theory ဖြစ်တာနဲ့အညီ Stepper Motor ကို PLC ထဲမှာ Program နဲ့ဘယ်လိုရေးရမလဲဆိုတာတော့ပြောသွားမှာမဟုတ်ပါဘူး။ တွက်နည်းကိုပဲအဓိက ထားပြီးပြောသွားမှာပါ။

    Stepper Motor ရဲ့ Motion ကို Control လုပ်ဖို့အတွက်အဓိက System သုံးခုလိုအပ်ပါတယ်။ အဲ့တာတွေကတော့

-Controller
-Driver
-Stepper Motor တို့ပဲဖြစ်ပါတယ်။

    Controller ဆိုတာကတော့ PLC လည်းဖြစ်ချင်ဖြစ်မယ်။ Stepper Motor Controller လည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။ တကယ့် Main System ကတော့ သုံးခုပါပဲ။ PLC နဲ့ Stepper Controller ကိုပေါင်းပြီးလည်း Control လုပ်လို့ရပါတယ်။ လက်တွေ့  Low Cost စမ်းသပ်နေကြတဲ့သူတွေကတော့ PLC ကို Controller အနေနဲ့ပဲသုံးကြတာများပါတယ်။ Controller ကထွက်တဲ့ Data တွေ Pulse တွေကို Driver ထဲကိုပို့ပါတယ်။ Driver ကနေ လက်ခံလို့ရတဲ့ Pulse တွေကို Electrical Current အနေနဲ့ ပြောင်းပြီးတော့ Stepper Motor ကို Control လုပ်ပါတယ်။
 
    Step Angle တွက်ချက်နည်းကတော့ 360° ကိုတည်ပြီးတော့ Number of Pulses နဲ့စားပေးလိုက်ရုံပါပဲ။ Step Angle ကိုလည်း နောက်တစ်မျိုးက Rotation Angle လို့လည်းခေါ်ပါသေးတယ်။

Rotation Angle = Step Angle × Number Pulses

    ဥပမာတွက်ပြရရင်, 2 Phases Motor တစ်ခုမှာ 200 Pulses သုံးထားရင် 

Rotation Angle = 360 / 200 = 1.8° ရပါတယ်။ 
    နောက်တစ်ခုက Rotation Per Minute တွက်နည်းပါ။ Rotation per Minute ကတော့ တစ်မိနစ်ကိည အပတ်ရေ ဘယ်လောက်ပတ်လဲဆိုတဲ့အဓိပ္ပာယ်ပါ။

Rotation per Minute = ( Step Angle / 360° ) ×  Pulse Rate ( Hz ) × 60
    ဥပမာ Step Angle 0.72 ရှိပြီး Pulse Rate က 100 Hzရှိတယ်ဆိုပါတော့။

Rotation Per Minute = ( 0.72 / 360 ) × 100 × 60

Rotation Per Minute = 12 r/min 

အဲ့တော့အဖြေက ၁ မိနစ်ကို အပတ်ရေ ၁၂ပတ်လောက် ပတ်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ ဒီနေရာမှာ တစ်ချက်မှတ်ရမှာက အရှိန်များတဲ့ Speed ကိုလိုချင်ရင် Pulse Rate ကို​များများပေးလိုက်ရုံပဲ။

Reference : Misumi's Low Cost Automation Tutorial

Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...