Function Block ဆိုတာဘာလဲ?
Function Block ခေါ် အတိုကောက် FB ဆိုတာက Process ရဲ့ Programming တွေကို ရိုးရှင်းအောင်ရေးသားတဲ့နည်းတစ်မျိုးပါပဲ။ တစ်နည်းပြောရရင်, Programmer ကရေးထားတဲ့ Programming Length တွေ, Programming ရှုပ်ထွေးမှုတွေကို လျော့ချပေးတဲ့နည်းတစ်မျိုးပါပဲ။
How does Function Block(FB) work?
Function Block ဆိုတာ သူ့ကိုတည်ဆောက်ပြီးတာနဲ့အလွယ်တကူ Main Program မှာအသုံးပြုလို့ရတဲ့ပုံစံတစ်ခုပါ။ Function Block တည်ဆောက်ဖို့ ဘယ် Programming တွေလိုလဲမေးရင်, IEC 61131-3 ကသတ်မှတ်ထားတဲ့ Programming Language ငါးခုထဲကမှ Sequential Flow Chart (SFC) ကလွဲလို့ ကျန်တဲ့ Ladder Diagran, Instruction List (IL) , Function Block (FB) နဲ့ Structured Text (ST or STL) တို့ကိုသုံးပြီးတော့ ရေးရပါတယ်။
အောက်ကပုံကိုကြည့်မယ်ဆိုရင် Function Block ကို Ladder Diagram နဲ့ဆောက်ထားပါတယ်။ သူ့ရဲ့ Input, Output တွေကို Tag_Name တွေကို သူနဲ့သက်ဆိုင်တဲ့ Data Type ထဲမှာသိမ်းရပါတယ်။ Tag_Name ဆိုတာက အခုပြထားတဲ့ Ladder Diagram ထဲကလိုမျိုးနာမည်တွေကိုပြောတာပါ။ အဲ့ဒီနောက် Function Block ဆောက်ပြီးတာနဲ့သူရဲ့ Input, Output တွေကို Main Programထဲက Address သတ်မှတ်ထားတဲ့ Variables တွေနဲ့တွဲပေးရပါမယ်။ ဥပမာ, အခုပုံထဲမှာ Function Block ထဲမှာ Run_FB ကို Variable သတ်မှတ်ထားတဲ့ Pump1_Run ( %I0.0.0 ) နဲ့တွဲပြီးသုံးလိုက်တာပါ။
Where is Function Block (FB) used?
Function Block ကို ဘယ်မှာအသုံးများလဲဆိုရင်တော့, တူညီတဲ့လုပ်ငန်းစဥ်လုပ်နေတဲ့ အရာတွေမှာပဲသုံးတာများပါတယ်။ နားလည်အောင်ပြောပြရရင်, Star Motor 5ခုသုံးထားတဲ့ Process ရှိတယ်ဆိုပါတော့။ Motor တစ်ခုချင်းစီက Process လုပ်ဆောင်ချက်တွေက အတူတူပါပဲ။ ဒါပေမယ့် Ladder Diagram မှာ Motor တစ်လုံးအတွက်ရေးလိုက်,နောက်တစ်လုံးရေးလိုက် နဲ့ Programmingရေးပြီး I/O Address တွေလိုက်သတ်မှတ်နေရတာ အချိန်ကုန်စေပါတယ်။ နောက်တစ်ခုက စက်ပျက်ခဲ့လို့ Troubleshooting သမားက Ladder Diagram ကို အပေါ်အောက်လိုက်ပြီးစစ်နေရတာလည်း သူ့အတွက် ဒုက္ခရောက်လှပါတယ်။
ဒါကြောင့် Function Block ဆောက်ပြီးတာနဲ့ Main Program ကနေပြီးတော့ သူ့ကိုယူသုံးပြီး Variable တွေကို အဆင်သင့်ထည့်ပေးလိုက်ရုံပါပဲ။
Reference : Instrumentationtools, Hegamurl
Comments
Post a Comment