Skip to main content

Function Block Overview


Function Block ဆိုတာဘာလဲ?

    Function Block ​ခေါ် အတို​ကောက် FB ဆိုတာက Process ရဲ့  Programming ​တွေကို ရိုးရှင်း​အောင်​​ရေးသားတဲ့နည်းတစ်မျိုးပါပဲ။ တစ်နည်း​ပြောရရင်, Programmer က​ရေးထားတဲ့ Programming Length ​တွေ, Programming ရှုပ်​ထွေးမှု​တွေကို ​လျော့ချ​ပေးတဲ့နည်းတစ်မျိုးပါပဲ။

How does Function Block(FB) work?

    Function Block ဆိုတာ သူ့ကိုတည်​ဆောက်ပြီးတာနဲ့အလွယ်တကူ Main Program မှာအသုံးပြုလို့ရတဲ့ပုံစံတစ်ခုပါ။ Function Block တည်​ဆောက်ဖို့ ဘယ် Programming ​တွေလိုလဲ​မေးရင်, IEC 61131-3 ကသတ်မှတ်ထားတဲ့ Programming Language​ ငါးခုထဲကမှ Sequential Flow Chart (SFC) ကလွဲလို့ ကျန်တဲ့ Ladder Diagran, Instruction List (IL) , Function Block (FB) နဲ့ Structured Text (ST or STL) တို့ကိုသုံးပြီး​တော့ ​ရေးရပါတယ်။​
     အောက်ကပုံကိုကြည့်မယ်ဆိုရင် Function Block ကို Ladder Diagram နဲ့​ဆောက်ထားပါတယ်။ သူ့ရဲ့  Input, Output ​တွေကို Tag_Name ​တွေကို သူနဲ့သက်ဆိုင်တဲ့ Data Type ထဲမှာသိမ်းရပါတယ်။ Tag_Name ဆိုတာက အခုပြထားတဲ့ Ladder Diagram ထဲကလိုမျိုးနာမည်​တွေကို​ပြောတာပါ။ ​အဲ့ဒီ​နောက် Function Block ​ဆောက်ပြီးတာနဲ့သူရဲ့ Input, Output ​တွေကို Main Programထဲက Address သတ်မှတ်ထားတဲ့ Variables ​တွေနဲ့​တွဲ​ပေးရပါမယ်။ ဥပမာ, အခုပုံထဲမှာ Function Block ထဲမှာ Run_FB ကို Variable သတ်မှတ်ထားတဲ့ Pump1_Run ( %I0.0.0 ) နဲ့တွဲပြီးသုံးလိုက်တာပါ။

Where is Function Block (FB) used?

    Function Block ကို ဘယ်မှာအသုံးများလဲဆိုရင်​တော့, တူညီတဲ့လုပ်ငန်းစဥ်လုပ်​နေတဲ့ အရာ​တွေမှာပဲသုံးတာများပါတယ်။ နားလည်​အောင်​ပြောပြရရင်, ​Star Motor 5ခုသုံးထားတဲ့ Process ရှိတယ်ဆိုပါ​တော့။ Motor တစ်ခုချင်းစီက Process လုပ်​ဆောင်ချက်​တွေက အတူတူပါပဲ။ ဒါ​ပေမယ့် Ladder Diagram မှာ Motor တစ်လုံးအတွက်​ရေး​လိုက်,​နောက်တစ်လုံး​​ရေးလိုက် နဲ့ Programming​ရေးပြီး I/O Address ​တွေလိုက်သတ်မှတ်​နေရတာ အချိန်ကုန်​စေပါတယ်။ ​နောက်တစ်ခုက စက်ပျက်ခဲ့လို့ Troubleshooting သမားက Ladder Diagram ​ကို အ​ပေါ်​အောက်လိုက်ပြီးစစ်​နေရတာလည်း သူ့အတွက် ဒုက္ခ​​ရောက်လှပါတယ်။
      ဒါ​ကြောင့် Function Block ​ဆောက်ပြီးတာနဲ့ Main Program က​နေပြီး​တော့ သူ့ကိုယူသုံးပြီး Variable ​တွေကို အဆင်သင့်ထည့်​ပေးလိုက်ရုံပါပဲ။

Reference : Instrumentationtools, Hegamurl

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...