Skip to main content

Recipe

Recipe

    တကယ်​တမ်း​တော့ဒီစာကို​ရေးဖြစ်တာက အခုတ​လော ​ပြန်​လေ့လာ​နေတဲ့အရာမလို့ပြန်ပြီ​တော့​ရေးလိုက်ရတာပါ။ အ​သေးစိတ်ကို Detail ကျကျ​ရေးပြမှာမဟုတ်ပဲ ဘယ်​နေရာမှာ ဘယ်လိုမျိုးသုံးလဲ ဘယ်လိုပုံစံရှိသလဲ ဆိုတာပဲ​ပြောပြပါမယ်။
    Recipe ဆိုတာ Variable သို့မဟုတ် Character ​တွေပါတဲ့ Data အစုအ​ဝေးတစ်ခုပါပဲ။ အဲ့ဒီ Data ​တွေမှာ သတ်မှတ်ထားတဲ့ တန်ဖိုး​တွေနဲ့ပဲ Data အချိုးအစား​တွေနဲ့ Transfer လုပ်ယူလို့ရသလို ဘယ် process မှာ ဘယ် Variable ​တွေနဲ့အသုံးချလို့ရတဲ့ Data လည်းဖြစ်ပါတယ်။


Example

    ဥပမာ အ​နေနဲ့​ပြောရရင်, အ​ရောင်ကာလာ​ဆေးစပ်တဲ့ ကိစ္စနဲ့​ပြောပြရင် ပိုရှင်းမယ်လို့ထင်ပါတယ်။ အ​ရောင်​တွေအားလုံးဟာ အ​ခြေခံအ​ရောင် သုံး​ရောင်ဖြစ်တဲ့ RGB (Red,Green,Blue) ရဲ့ ​ဆေးစပ်မှုအချိုးစားက​နေပြီး အ​ရောင်​ပေါင်းစုံထုတ်လို့ရပါတယ်။ Red ဆိုရင် (225,0,0), Green ဆိုရင် (0,225,0) နဲ့ Blue ဆိုရင် (0,0,225)​ပေါ့။ အဲ့တာကို  အခုလိုTable လုပ်​ဖို့ Recipe မှာ​ခေါ်ပြီးအသုံးပြုရပါတယ်။

1  Red     |  225  |  0        |   0
2  Green |  0       |  225   |  0
3  Bue     |  0       |  0       |  225

    အခုကျွန်​တော်​ရေးထားတဲ့ပုံစံမျိုးနဲ့ ပုံစံတူကို ဒုတိယပုံမှာကြည့်လို့ရပါတယ်။ ဒီမှာ Field (Row) သုံးခု နဲ့ Length (Column) ငါးခုရှိပါတယ်။ အဲ့​တော့ ဒီ Table ဟာ ​ရေးပြီးသွားခဲ့ရင်လည်း Excel File နဲ့ Save လို့ရသလို Rcp ဆိုတဲ့ Recipe နဲ့လည်း Save လို့ရပါတယ်။ Recipe မှာသိဖို့က​တော့ ကိုယ်သုံးမယ့် Data ပမာဏက ဘယ်နခုသုံးမလဲ ဆိုတာသိဖို့ပါပဲ။ ခုနက ဥပမာကိုပြန်ဆက်ရရင် ကျွန်​တော်တို့က Recipe Table ကို​ဆောက်ပြီးသွားပြီဆိုပါ​တော့။
     ဒီFile ​တွေကို အများအားဖြင့် HMI က​နေပြီး​တော့ ​​ရေးကျတာများပါတယ်။ ကျွန်​တော်က PLC ထဲမှာ RGB အတွက် D100 D101 D102 ဆိုပြီး Data  သတ်မှတ်ထားပါမယ်။ အကယ်၍  Red ဆိုတဲ့ Row ကို​ရွေးပြီ HMI က​နေ PLC ထဲကို Write မယ်ဆိုရင် D100 ဟာ 225 ဖြစ်ပြီး​တော့ D101 နဲ့ D102 ဟာ 0 ပဲဖြစ်မှာပါ။ တစ်ဖန် Green ကို​ရွေးပြီး​တော့ HMI က​​နေ PLC ကို Write ခဲ့ရင် D100 ဟာ 0 ဖြစ်ပြီး D101 ဟာ 225 နဲ့ D102 ဟာ 0 ဖြစ်လာမှာပါ။ အဲ့က​နေပဲ လိုအပ်တဲ့ ပမဏကိုသိလာပြီး ​ဆေးစပ်လို့ရလာပါတယ်။
    ဒါက​တော့ အလွယ်ဆုံးမြင်သာ​အောင် ရှင်းပြတဲ့အရာပါပဲ။ အပြင်မှာ​တော့ ဒီထက်ပိုပါတယ်။ PLC က Data ကို Read လုပ်ပြီး HMI ကိုတင်တာမျိုး, ​​နောက် HMI Screen က​နေ Data ​တွေကို စိတ်ကြိုက်​ရေးပြီး PLCနဲ့ HMI ကို Read,Write လုပ်လို့ရတာမျိုးအစရှိသဖြင့်လုပ်လို့ရပါတယ်။


    Recipe ထဲက Data ​တွေဟာ ကိန်းဂဏန်း​တွေမကပဲ Unsign , Sign ,Char ,Float အစရှိသဖြင့် အသုံးပြုလို့ရပါတယ်။ ဒုတိယပုံကို ကြည့်ရင် Row 3 ခု Column 5 ခု​တွေ့ရမှာပါ။  တကယ်တမ်း​တေ့ Row 4 ခု Column 5 ခုရှိတာပါ။ Row တစ်ခုက Recipe Buffer လို့​ခေါ်ပါတယ်။ HMIရဲ့ Data ကို ကြားခံအဖြစ်သုံးတာပါ။ ​နောက်တစ်ခုက Recipe ကို Table တစ်ခုတည်းအ​နေနဲ့ သုံးတာမဟုတ်ဘဲ Multiple အ​နေနဲ့လဲသုံးလို့ရပါတယ်။ Table ထဲက အကွက်တစ်ချင်းစီကို RCP (Recipe Register) အ​နေနဲ့​​ဖော်ပြတာပါ။ ဒုတိယပုံအတွက်ဆိုရင် RCP ဟာ Recipe Buffer အပါအဝင် စုစု​ပေါင်း 20 ရှိပါတယ်။ RCP တန်ဖိုးအကြီးဆုံးကိုလိုချင်တယ်ဆိုရင် 
                       {L × ( N + 1) - 1} 
 ဆိုတဲ့ Equationနဲ့ ရှာလို့ရပါတယ်။ အခု L က 5 ခု N က 3 ခု​ ဆို​တော့ Equationထဲ ထည့်ရှာရင် 

{ 5 × (3 + 1) - 1} = 19 

အဲ့​တော့ RCP0 က​နေ RCP19 အထိရှိတယ်သ​ဘောပါပဲ။

Reference : HMI မိတ်ဆက် ဦးစိုးတင့်

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

PLC Scan Time Problem

PLC Scan Time Problem     ဒီ Post ကို အရင် account အ​ဟောင်းမှာတုန်းက​တော့တင်ဖူးတယ်။ ဒါ​ပေမယ့် အခုကပြန်ပြီး နားလည်လွယ်မယ့်ပုံစံမျိုးနဲ့ပဲကျွန်​တော်​ရေး​ပေးပါမယ်။     ကျွန်​တော်တို့  PLC project ​တွေမှာဆိုရင် Programming ကို Ladder Diagram နဲ့​ရေးကြတာများပါတယ်။ တခြား Structure Text တို့ Function  Block တို့ Sequence တို့နဲ့လည်း​ရေးလို့ရပါတယ်။သို့​သော်လည်း ဒီကိစ္စမှာ​တော့ Ladder Diagram နဲ့ ဥပမာကိုတင်ပြသွားပါမယ်။      Scan Time ဆိုတာ ဘာလဲအရင် အကျဥ်းချုံပြီး​ပြောပါမယ်။ ပထမပုံက Ladder Diagram လိုပုံစံမျိုး​ရေးထားတယ်ဆိုပါစို့။ Program ရဲ့ ထိပ်ဆုံးအပိုင်းက​နေ Program ရဲ့ အဆုံးအထိ PLC က Scan ဖတ်ပါတယ်။ Scan ဖတ်နှုန်းဟာလည်း ​ရေးတဲ့ Program ​ပေါ်မူတည်ပြီး တစ်စက္ကန့်ကို Scan ဘယ်နှကြိမ်ဖတ်လည်းဆိုတာ​တွေရှိပါတယ်။      ကျွန်​တော်တို့ PLC Ladder Diagram မှာ Program ​တွေ​ရေးတယ်ဆိုရင် သာမန် Line 20 ခု, 30 ခု​လောက်​တော့ ပြသာနာမရှိ​လောက်ပါဘူး။ သို့​သော်လည်း Line အခု 20တို့ 30တို့မှာ High Counter ​တွေတို့ တခြား API ​တွေ အများကြီး​တွေသုံး...