Skip to main content

Recipe

Recipe

    တကယ်​တမ်း​တော့ဒီစာကို​ရေးဖြစ်တာက အခုတ​လော ​ပြန်​လေ့လာ​နေတဲ့အရာမလို့ပြန်ပြီ​တော့​ရေးလိုက်ရတာပါ။ အ​သေးစိတ်ကို Detail ကျကျ​ရေးပြမှာမဟုတ်ပဲ ဘယ်​နေရာမှာ ဘယ်လိုမျိုးသုံးလဲ ဘယ်လိုပုံစံရှိသလဲ ဆိုတာပဲ​ပြောပြပါမယ်။
    Recipe ဆိုတာ Variable သို့မဟုတ် Character ​တွေပါတဲ့ Data အစုအ​ဝေးတစ်ခုပါပဲ။ အဲ့ဒီ Data ​တွေမှာ သတ်မှတ်ထားတဲ့ တန်ဖိုး​တွေနဲ့ပဲ Data အချိုးအစား​တွေနဲ့ Transfer လုပ်ယူလို့ရသလို ဘယ် process မှာ ဘယ် Variable ​တွေနဲ့အသုံးချလို့ရတဲ့ Data လည်းဖြစ်ပါတယ်။


Example

    ဥပမာ အ​နေနဲ့​ပြောရရင်, အ​ရောင်ကာလာ​ဆေးစပ်တဲ့ ကိစ္စနဲ့​ပြောပြရင် ပိုရှင်းမယ်လို့ထင်ပါတယ်။ အ​ရောင်​တွေအားလုံးဟာ အ​ခြေခံအ​ရောင် သုံး​ရောင်ဖြစ်တဲ့ RGB (Red,Green,Blue) ရဲ့ ​ဆေးစပ်မှုအချိုးစားက​နေပြီး အ​ရောင်​ပေါင်းစုံထုတ်လို့ရပါတယ်။ Red ဆိုရင် (225,0,0), Green ဆိုရင် (0,225,0) နဲ့ Blue ဆိုရင် (0,0,225)​ပေါ့။ အဲ့တာကို  အခုလိုTable လုပ်​ဖို့ Recipe မှာ​ခေါ်ပြီးအသုံးပြုရပါတယ်။

1  Red     |  225  |  0        |   0
2  Green |  0       |  225   |  0
3  Bue     |  0       |  0       |  225

    အခုကျွန်​တော်​ရေးထားတဲ့ပုံစံမျိုးနဲ့ ပုံစံတူကို ဒုတိယပုံမှာကြည့်လို့ရပါတယ်။ ဒီမှာ Field (Row) သုံးခု နဲ့ Length (Column) ငါးခုရှိပါတယ်။ အဲ့​တော့ ဒီ Table ဟာ ​ရေးပြီးသွားခဲ့ရင်လည်း Excel File နဲ့ Save လို့ရသလို Rcp ဆိုတဲ့ Recipe နဲ့လည်း Save လို့ရပါတယ်။ Recipe မှာသိဖို့က​တော့ ကိုယ်သုံးမယ့် Data ပမာဏက ဘယ်နခုသုံးမလဲ ဆိုတာသိဖို့ပါပဲ။ ခုနက ဥပမာကိုပြန်ဆက်ရရင် ကျွန်​တော်တို့က Recipe Table ကို​ဆောက်ပြီးသွားပြီဆိုပါ​တော့။
     ဒီFile ​တွေကို အများအားဖြင့် HMI က​နေပြီး​တော့ ​​ရေးကျတာများပါတယ်။ ကျွန်​တော်က PLC ထဲမှာ RGB အတွက် D100 D101 D102 ဆိုပြီး Data  သတ်မှတ်ထားပါမယ်။ အကယ်၍  Red ဆိုတဲ့ Row ကို​ရွေးပြီ HMI က​နေ PLC ထဲကို Write မယ်ဆိုရင် D100 ဟာ 225 ဖြစ်ပြီး​တော့ D101 နဲ့ D102 ဟာ 0 ပဲဖြစ်မှာပါ။ တစ်ဖန် Green ကို​ရွေးပြီး​တော့ HMI က​​နေ PLC ကို Write ခဲ့ရင် D100 ဟာ 0 ဖြစ်ပြီး D101 ဟာ 225 နဲ့ D102 ဟာ 0 ဖြစ်လာမှာပါ။ အဲ့က​နေပဲ လိုအပ်တဲ့ ပမဏကိုသိလာပြီး ​ဆေးစပ်လို့ရလာပါတယ်။
    ဒါက​တော့ အလွယ်ဆုံးမြင်သာ​အောင် ရှင်းပြတဲ့အရာပါပဲ။ အပြင်မှာ​တော့ ဒီထက်ပိုပါတယ်။ PLC က Data ကို Read လုပ်ပြီး HMI ကိုတင်တာမျိုး, ​​နောက် HMI Screen က​နေ Data ​တွေကို စိတ်ကြိုက်​ရေးပြီး PLCနဲ့ HMI ကို Read,Write လုပ်လို့ရတာမျိုးအစရှိသဖြင့်လုပ်လို့ရပါတယ်။


    Recipe ထဲက Data ​တွေဟာ ကိန်းဂဏန်း​တွေမကပဲ Unsign , Sign ,Char ,Float အစရှိသဖြင့် အသုံးပြုလို့ရပါတယ်။ ဒုတိယပုံကို ကြည့်ရင် Row 3 ခု Column 5 ခု​တွေ့ရမှာပါ။  တကယ်တမ်း​တေ့ Row 4 ခု Column 5 ခုရှိတာပါ။ Row တစ်ခုက Recipe Buffer လို့​ခေါ်ပါတယ်။ HMIရဲ့ Data ကို ကြားခံအဖြစ်သုံးတာပါ။ ​နောက်တစ်ခုက Recipe ကို Table တစ်ခုတည်းအ​နေနဲ့ သုံးတာမဟုတ်ဘဲ Multiple အ​နေနဲ့လဲသုံးလို့ရပါတယ်။ Table ထဲက အကွက်တစ်ချင်းစီကို RCP (Recipe Register) အ​နေနဲ့​​ဖော်ပြတာပါ။ ဒုတိယပုံအတွက်ဆိုရင် RCP ဟာ Recipe Buffer အပါအဝင် စုစု​ပေါင်း 20 ရှိပါတယ်။ RCP တန်ဖိုးအကြီးဆုံးကိုလိုချင်တယ်ဆိုရင် 
                       {L × ( N + 1) - 1} 
 ဆိုတဲ့ Equationနဲ့ ရှာလို့ရပါတယ်။ အခု L က 5 ခု N က 3 ခု​ ဆို​တော့ Equationထဲ ထည့်ရှာရင် 

{ 5 × (3 + 1) - 1} = 19 

အဲ့​တော့ RCP0 က​နေ RCP19 အထိရှိတယ်သ​ဘောပါပဲ။

Reference : HMI မိတ်ဆက် ဦးစိုးတင့်

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...