Skip to main content

Performance Terminology of Transducers


    အခုကတော့ မူရင်းစာအတိုင်းကို အကုန်ရေးသွားမှာမဟုတ်ပါဘူး။ လက်တွေ့မှာသုံးဖူး ကြားဖူးနေတဲ့ Terminology တွေကိုပဲ အဓိကထားပြီးတော့ ရေးသွားမှာပါ။ 

Range and Span

    Range နဲ့ Span ကို အမှတ်မဲ့အတူတူပဲလို့ထင်ကောင်းထင်မိပါတယ်။ တကယ်တော့ Range ဆိုတာက Transducer သို့မဟုတ် Sensor တစ်ခုရဲ့ အကွာအဝေး Input ရဲ့ လုပ်ဆောင်မှုအပေါ် ကွဲပြားတဲ့အကန့်အသတ်ကို​ဖော်ပြတာပါ။

   Span ဆိုတာတော့ Sensor မှာရှိတဲ့ အမြင့်ဆုံးနဲ့ အနိမ့်ဆုံးတန်ဖိုး ၂ခုရဲ့ ကွာခြားချက်ကိုဖော်ပြတာပါ။

    ဥပမာ Load Cell တစ်ခုမှာရှိတဲ့ Force ရဲ့ အတိုင်းအတာဟာ သူ့ရဲ့ Range က 0 ကနေ 50kN အထိရှိကောင်းရှိနိုင်ပြီးတော့ သူ့ရဲ့ Span က 50kN ရှိပါတယ်။ ( 50kN - 0kN = 50kN) ။ အလားတူ 4-20mA ဆိုလည်း Range က 4mA to 20mA အထိရှိပြီး သူ့ရဲ့ Span ဟာ 16mA ရှိပါတယ်။ (20mA - 4mA = 16mA)

Error

    Error ကတော့ လက်တွေ့မှာတိုင်းလို့ရလာတဲ့ အတိုင်းအတာနဲ့ Transducer ကနေတိုင်းလို့ရလာတဲ့ ကွာခြားချက်ကိုပြောတာပါ။

    Error = Measured Value - True Value

Accuracy 

    စနစ်တစ်ခုရဲ့ ညွှန်ပြတဲ့တန်ဖိုးတွေက မှားကောင်းမှားနိုင်ပါတယ်။ဖြစ်လာတဲ့ အမှားအယွင်းတွေကို Transducer ကနေ ချိန်ညှိ( Calibrate )ပြီးလုပ်မှာသာ အနီးစပ်ဆုံးနဲ့လိုချင်တဲ့ တန်ဖိုးတစ်ခုကိုဖော်ပြနိုင်မှာပါ။

    ဥပမာ Temperature Sensor တစ်ခုဟာ အတိုင်းအလျော့ ± 5°C ရှိတယ်ပြောရင် အပြင်မှာရတဲ့အတိုင်းအတာရဲ့ 5°C အထက်နဲ့ 5°C အောက်အတွင်းမှာရှိနိုင်ပါတယ်။ 

    Accuracy ကို အဓိက​ဖော်ပြတာကတော့ Full Range ရဲ့ Percentage နဲ့ပဲဖော်ပြကြတာများပါတယ်။ ဥပမာ Full Range ရဲ့  ±10% လိုမျိုးဖော်ပြပါတယ်။

Sensitivity

    သူ့ရဲ့ Equation လိုပုံစံကတော့ Output / Input ပဲဖြစ်ပါတယ်။

    ဥပမာ Resistance Thermometer တစ်ခုမှာ 1 Ohm/°C လို့ဖော်ပြထားရင် Sensitivity ရှိပါတယ်။ 1°C တိုင်းအတွက် 1 Ohm ကွဲလွဲမှုရှိတယ်လို့ ဆိုတာပါ။ အဲ့တာကို တိုင်းတာခြင်းကလွဲပြီးတော့လည်း အခြား Input တွေရဲ့ Sensitivity ကိုညွှန်ပြဖို့အတွက်လည်းသုံးပါတယ်။

Reference: Instrumentationtools

Comments

Popular posts from this blog

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

PLC Scan Time Problem

PLC Scan Time Problem     ဒီ Post ကို အရင် account အ​ဟောင်းမှာတုန်းက​တော့တင်ဖူးတယ်။ ဒါ​ပေမယ့် အခုကပြန်ပြီး နားလည်လွယ်မယ့်ပုံစံမျိုးနဲ့ပဲကျွန်​တော်​ရေး​ပေးပါမယ်။     ကျွန်​တော်တို့  PLC project ​တွေမှာဆိုရင် Programming ကို Ladder Diagram နဲ့​ရေးကြတာများပါတယ်။ တခြား Structure Text တို့ Function  Block တို့ Sequence တို့နဲ့လည်း​ရေးလို့ရပါတယ်။သို့​သော်လည်း ဒီကိစ္စမှာ​တော့ Ladder Diagram နဲ့ ဥပမာကိုတင်ပြသွားပါမယ်။      Scan Time ဆိုတာ ဘာလဲအရင် အကျဥ်းချုံပြီး​ပြောပါမယ်။ ပထမပုံက Ladder Diagram လိုပုံစံမျိုး​ရေးထားတယ်ဆိုပါစို့။ Program ရဲ့ ထိပ်ဆုံးအပိုင်းက​နေ Program ရဲ့ အဆုံးအထိ PLC က Scan ဖတ်ပါတယ်။ Scan ဖတ်နှုန်းဟာလည်း ​ရေးတဲ့ Program ​ပေါ်မူတည်ပြီး တစ်စက္ကန့်ကို Scan ဘယ်နှကြိမ်ဖတ်လည်းဆိုတာ​တွေရှိပါတယ်။      ကျွန်​တော်တို့ PLC Ladder Diagram မှာ Program ​တွေ​ရေးတယ်ဆိုရင် သာမန် Line 20 ခု, 30 ခု​လောက်​တော့ ပြသာနာမရှိ​လောက်ပါဘူး။ သို့​သော်လည်း Line အခု 20တို့ 30တို့မှာ High Counter ​တွေတို့ တခြား API ​တွေ အများကြီး​တွေသုံး...