တစ်ခါတစ်လေ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် အေးအေးချမ်းချမ်းနဲ့အမြဲတမ်းမဆူမညံပဲနေနိုင်မိရင်သိပ်ကောင်းမယ်လို့ လူတိုင်းတွေးမိမှာပါပဲ။ အဲ့လိုဖြစ်ဖို့ကလည်းအမြဲတမ်းအတွက်ဆိုရင် မဖြစ်နိုင်ဘူး။ မနက်ခင်းအိပ်နေတဲ့အချိန်ကြီး လမ်းထိပ်က ဓမ္မာရုံကဖွင့်တဲ့ လော်စပီကာကြောင့် လန့်နိုးရတာမျိုး, ဒါမဟုတ်လည်း ဘေးအိမ်ကလင်မယားရန်ဖြစ်လို့ စိတ်အနှောက်အယှက်ဖြစ်ရတာမျိုး ဒါမှမဟုတ်လည်း ရာသီဥတုကမကောင်းတာမျိုး ဆိုတဲ့ အနှောက်အယှက်အမျိုးမျိုးတွေ ကတစ်မျိုးမဟုတ်တစ်မျိုး ဘဝမှာခံစားနေရမှာပဲ။
ထားပါ။ ဒါကတော့ လောကမှာ တကယ်ဖြစ်ပျက်နေတဲ့ အနှောက်အယှက် Noise တွေကိုမြင်သာအောင်ပြောပြတာ။ အဲ့တော့ Noise ဆိုတာက တိုက်ရိုက်အဓိပ္ပာယ်ဘာသာပြန်ရမယ်ဆိုရင် "ဆူညံမှု" ဆိုတဲ့ အဓိပ္ပာယ်လို့သဘောရတယ်။ အဲ့တော့ အဲ့ဒီ Noise ဟာ လူမှုဘ၀ကြီးထဲမှာရှိနေရုံမကပဲ Signal တွေမှာလည်း Noise ဆိုတာရှိနေတတ်တယ်။
ဘယ် Electrical Signal မဆို Transmit နဲ့ Recieve လုပ်မယ်ဆိုရင် Singal က Pure အနေအထားမျိုးက အမြဲတမ်းဖြစ်မနေတတ်ဘူး။ ခုနကအပေါ်ကပြောသွားတဲ့ ဥပမာနဲ့ သဘောတရားက အတူတူပါပဲ။ အဲ့တော့ Distrubance လို့ခေါ်တဲ့ အနှောက်အယှက်က Signal ရဲ့ Performance ကိုထိခိုက်စေလေ့ရှိပါတယ်။ အဲ့ဒီလုံး၀မလိုချင်တဲ့ Distrubance အနှောက်အယှက်ကြီးကို တစ်နည်းဘယ်လိုခေါ်လဲဆိုရင် Noise လို့ခေါ်ပါတယ်။
Electronic တွေမှာရှိတတ်တဲ့ Noise ရဲ့ သဘောတရားကိုမြင်သာအောင်ပြောပြရရင် အောက်ပုံကိုအရင်ကြည့်လိုက်ပါ။ လှိုင်းတွေ အတွန့်အတွန့်တွေဖြစ်နေတာမျိုးကိုမြင်ရလိမ့်မယ်။ အဲ့တာကဘာလည်းဆိုရင် Noise ပါတဲ့ Amplitude Signal ပဲ။ တကယ့် Pure Signal ကအဲ့လိုမဟုတ်ဘူး သူရဲ့ လှိုင်းက Uniform တစ်သတ်မတ်ထဲကိုသွားနေတာ။ အဲ့လိုမျိုး Signal ရဲ့ Output က Inbalance ဖြစ်နေတာကို Noise လိုခေါ်တာပါ။ Noise တွေဖြစ်တာများနေရင် ကိုယ်လိုချင်တဲ့ Input ရဲ့ Signal က Noise ဟာ ကိုယ်လိုချင်တဲ့ Desired Output ကို သွားပြီးတော့ ထိခိုက်သေနိုင်ပါတယ်။
အဲ့တော့ Noise ပုံစံတွေက အမျိုးမျိုးရှိတတ်ပါတယ်။ သို့သော်လည်း ယေဘုယျအားဖြင့် ဖြစ်ပေါ်လာတဲ့ Noise တွေက Internal နဲ့ External ကဖြစ်တဲ့ Noise ဆိုပြီးတော့ ဘုံအားဖြင့် ၂မျိုးပဲရှိတာပါ။ အဲ့ဒီ ၂ခုထဲမှာမှ Noise ပုံစံတွေအမျိုးမျိုးရှိတာပေါ့။ Internal ကြောင့်ဖြစ်တဲ့ Noise တွေက
- Short Noise
- Flicker Noise
- Transit Time Noise
- Thermal Noise အစရှိသဖြင့်ပေါ့။
ဒီလို Noise မျိုးတွေက Electron တွေ အဝင်အထွက်အချိန်မမှန်တာတို့ , အပူချိန်ကြောင့်ဖြစ်ရတာတို့ Lower Frequency ကြောင့်တို့ Emit Current တို့အစရှိတဲ့ အကြောင်းအရာတွေကြောင့် Internal Noise တွေက ဖြစ်လာတာပါ။ External Noise ကတော့
- Crosstalk Noise
- Atomspheric Noise
- Man-Made / Industrial Noise တို့ပါပဲ။ သူတို့တွေကတော့ ပြင်ပကလာတဲ့ ပယောက တွေကြောင့် Noise တွေကဖြစ်လာတာပါ။
Reference : Instrumentationtools
Comments
Post a Comment