Skip to main content

What is a Dry Contact? Basics of a PLC Wiring


    PLC electrical wiring ထဲမှာ Contact Switching နဲ့ Wiring ရဲ့ သဘောတရားကိုနားလည်ထားခြင်းက Operation တွေမှာလုပ်မယ်ဆိုရင် အရေးကြီးပါတယ်။

    အခြေခံအားဖြင့်တော့ Contact တွေမှာ အမျိုးအစား ၂ခုရှိပါတယ်။

1. Dry Contact 
2. Wet Contact ဆိုပြီးတော့ပါ။

    အရေးကြီးတဲ့အချက်တစ်ခုကို မှတ်ထားရမှာကတော့ Contact တွေက Digital Input နဲ့ Output အတွက်ပဲသုံးပါတယ်။ Analog တွေက Variable ဖြစ်တဲ့အတွက်ကြောင့် Contact မှာသုံးလို့မရပါဘူး။ အခုကတော့ Dry Contact အကြောင်းကို အဓိကထားပြီးတော့ ရေးထားတာပါ။

What is Dry Contact?

    Dry Contact က Electrical Relay နဲ့အတူတူပါပဲ။ Relay ထဲမှာ Coil ပါတယ်, အဲ့ Coil ကို Power ပေးရင် Coil က Energize ဖြစ်ပြီးတော့ သက်ဆိုင်ရင် Output တွေကိုပေးပါတယ်။ Contact တွေက Relay Input ထဲမှာသုံးထားတဲ့ Potential ထက် မတူညီတဲ့ Potential တွေကိုလည်းပေးလို့ရသေးတယ်။ ဆိုလိုတာက Relay ကို AC Power Supply နဲ့ Energized ပေးထားရင်, Load ကို Drive လုပ်ဖို့အတွက် Contact Potential က AC လည်းသုံးလို့ရသလို, DC သို့မဟုတ် Potential Free လည်းသုံးလို့ရပါတယ်။ ဒါကတော့ သုံးမယ့် Load ပေါ်မူတည်တာပေါ့။

    သဘောကတော့ အဲ့ဒီ Source မှာ ပါဝါမပါဝင်ဘဲ Contact နဲ့ Circuit ကို ကူးပြောင်းခြင်းနဲ့ ပါဝါပေးတဲ့သဘောပေါ့။ ဒါကြောင့်မလို့ Dry Contact ကို Define လုပ်ပေးရမယ်ဆိုရင် Contact တစ်ခုက Power သို့မဟုတ် Voltage ကို Switch ကနေပေးထားတာမဟုတာမဟုတ်ဘဲ အဲ့ဒီအစား ပြင်ပ က Power Source နဲ့ပေးသွင်းရတာဖြစ်တာပေါ့။ 
    Relay ထဲမှာ Contact Signal တွေကို A1 နဲ့ A2 Terminal ဆိုပြီးတော့ သတ်မှတ်ထားပါတယ်။ ပိုပြီးနားလည်လွယ်အောင် ရိုးရှင်းတဲ့ ပုံစံနဲ့ပြောရအောင်။ Relay မှာ Basic Terminal ၅ခု ရှိပါတယ်။ A1 (Supply Positive), A2 (Supply Negative), COM (Contact Common), NO (Contact Normally Open) နဲ့ NC (Contact Normally Close) ဆိုပြီးတော့ရှိပါတယ်။

    Terminal A1 နဲ့ A2 က Relay ကို Energize ဖြစ်အောင်လုပ်ဖို့အတွက်သုံးတယ်။ ဒါကြောင့် Contact Circuit ကို Power Circuit ကနေ ခွဲထုတ်ထားပါတယ်။

    အကယ်၍ Relay က Energize ဖြစ်ရင်, Common Terminal (AC,DC or Potential Free) ကနေ ပေးထားတဲ့ Potential က NO Terminal ကိုပေးလိမ့်မယ်။ အကယ်၍ Relay က De-energize ဖြစ်ရင် Common Terminal ကနေပေးထားတဲ့ Potential က NC Terminal ကိုပေးမှာပါ။

Advantages of Dry Contact

    Dry Contact ရဲ့ အလုပ်လုပ်ပုံက သာမန် Switch တစ်ခုပါပဲ။ နောက် Circuit ၂ခုကို Isolation လုပ်ပေးထားပါတယ်။ Power Circuit နဲ့ Control Circuit ကို သပ်သပ်စီခွဲထားတာပေါ့။

    အဓိက အားသာချက်တစ်ခုကတော့ Circuit ၂ခုကို Isolation လုပ်ထားတဲ့အတွက်ကြောင့် Circuit တစ်ခုက ပြသာနာဖြစ်ရင် ကျန်တဲ့အပိုင်းကို သွားထိစရာမလိုပါဘူး။ဒါကတော့ PLC ထဲက Dry Contact ရဲ့ Wiring နဲ့ Basic သဘောတရားပါပဲ။

Reference: Instrumentationtools

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...