HART ရဲ့ အရှည်က ဘာလဲဆိုရင် Highway Addressable Remote Transducer လို့ခေါ်ပါတယ်။ အရင်ဆုံး HART အကြောင်းကို မပြောခင် Loop Power 4-20mA ဘယ်လိုတိုင်းလဲဆိုတာအရင်ပြောပါမယ်။
DC 4-20mA Signal တွေက Sensor တစ်ခုရဲ့ Value တွေကို ပို့ပေးဖို့သုံးတာပါ။ အနိမ့်ဆုံး 0% ဖြစ်တဲ့ LRL (Low Range Limit) မှာဆိုရင် 4mA သုံးပြီးတော့ 100% မှာဆိုရင် URL ( Upper Range Limit ) 20mA ကိုသုံးပါတယ်။ 4-20 mA တွေရဲ့ Signal ပို့ဆောင်က 18-gauge wire တစ်ခုကိုသုံးပြီးတော့ 1000 m အထိ noise အနည်းဆုံးအနေအထားကို ပို့ပေးနိုင်ပါတယ်။
Analog Signal တွေကို A/D convertor သုံးပြီးတော့ Digital Signal တွေထုတ်ပေးပါတယ်။ 16-bit Precision ရှိတဲ့ A/D convertor ထဲက 2 power 16 သို့မဟုတ် 65536 increments ကိုသုံးပြီးတော့ Analog Sensor ရဲ့ Range တန်ဖိုးကိုဖော်ပြပါတယ်။ အဲ့တော့ Granularity of Signal Value ကိုသိဖို့လိုအပ်လာပါတယ်။ တွက်ပြရရင် 0-1000 psi ရှိတဲ့ Pressure Sensor တစ်ခုဆိုရင် 1000 ကို 65536 နဲ့ စားလိုက်ရင် 0.015 psi ဆိုတဲ့ Granularity of Signal Value ကိုရလာပါတယ်။ 1000 psi ဆိုရင် 65536 ရှိတယ်ပေါ့။ တစ်ခုချင်းစီဆိုရင် 0.015 psi ရှိတယ်ဖြစ်သွားပါပြီ။
HART ဘယ်ကနေစပြီးဖြစ်လာရင် Bell Lab က ထွင်တဲ့ Bell 202 Modem Standard ကနေစလာတာပါပဲ။ အဲ့တာက Telephone Line အတွက်ရည်ရွယ်ပြီးထုတ်တာပါ။ အဲ့နည်းက ဘာလဲဆိုရင် AFSK (Audio Frequency Shift Keying) လို့ခေါ်ပါတယ်။ Bell Lab က အဲ့နည်း ထွင်တာပါ။ နောက်မှ Resemount က အဲ့နည်းကိုယူပြီးတော့ HART Protocol ကို Open Standard အနေနဲ့ ထုတ်လိုက်တာပါ။
HART မှာတော့ FSK လို့ပဲခေါ်ဝေါ်ကြတာများပါတယ်။ ဘာကြောင့်ဒီလိုသုံးလာရလဲဆိုရင် 4-20mA Signal နဲ့ချိတ်ထားတဲ့အချိန်မှာ အဲ့ဒီ Device နဲ့အဆက်အသွယ်လုပ်ပြီးတော့ သူ့ဆီက အချက်အလက်တွေယူတာတို့ Setting တွေ ချိန်တာတို့လုပ်လို့မရပါဘူး။ ကျွန်တော် ခုနက ရှင်းပြတဲ့အတိုင်းပဲ တိုင်းတာ တာတစ်ခုတည်းပဲရတာပါ။ဒါကြောင့် FSK ကိုသုံးလာရတာပါ။
FSK က ဘယ်လိုမျိုးလဲဆိုရင် Hybird Communication အမျိုးအစားတစ်ခုပဲ။ Analog နဲ့ Digital Signal ၂ခုစလုံးပါနေပါတယ်။ ပထမပုံကိုကြည့်ပါ။ အနီလေးက 4-20mA ပါ။ အပြာက Digital Signal ပါ။ ဘာလိုပုံစံနဲ့သွားတူလဲဆိုရင် DC အပေါ် AC Sine Wave တင်ထားတာနဲ့တူသွားပါတယ်။
Digital Signal မှာ Binary တန်ဖိုး 1 နဲ့ 0 ရှိပါတယ်။ 1200Hz ကို 1 လို့သတ်မှတ်ပြီးတော့ 2200Hz ကို 0လို့သတ်မှတ်ပါတယ်။ နောက်အဲ့ဒီ Wave ရဲ့ Peak to Peak က 1mA ပါ။ အဲ့ဒီ Digital Signal တွေနဲ့ 4-20mA အပေါ်ကနေ Serial Communication လုပ်ပြီး Additional Information ဖြစ်တဲ့ Tag Name, Measured Value , Range , Span , Product ID နဲ့ DiagnostIc Features တွေကိုယူတာပါ။ FSK ရဲ့ Average signal တန်ဖိုးက Zero ဖြစ်တာကြောင့် 4-20mA ကို မထိခိုက်နိုင်ပါဘူး။
HART က Bidirectional အမျိုးအစားတစ်ခုပါ။ သူ့ရဲ့ Baud rate ကတော့ 1200 B/s အထိရှိပါတယ်။ Communication Network သုံးနည်း ၂ခုရှိပါတယ်။
- Point to Point
- Multi Drop Mode တို့ဖြစ်ပါတယ်။
HART communicator လက်ကိုင် Device နဲ့ တစ်ခုချင်းစီကို Setup Configure လုပ်ကြပေမယ့် Multidrop လို Device အများကြီးကို Parallel လုပ်ပြီး သုံးလို့ရပါတယ်။
Reference : Realpars, Tech Learning
Comments
Post a Comment