Skip to main content

Difference between ELCB and RCCB



    ELCB နဲ့ RCCB နှစ်ခုစလုံးဟာ Protecting Device တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ခုစလုံးဟာ မတူညီတဲ့ခြားနားချက်တွေရှိကြပါတယ်။

ELCB
====

    ELCB ရဲ့ အဓိပ္ပာယ်က‌တော့ Earth Leakage Circuit Breaker လို့အဓိပ္ပာယ်ရပါတယ်။ ဒီ Safety Device ဟာ High Earth Impedance နဲ့ Electrical Installation တွေမှာ Electric Shock ကို ကာကွယ်ပေးဖို့အတွက်သုံးပါတယ်။ 

    ELCB သည် Voltage Operates Device အမျိုးအစားဖြစ်ပြီးတော့ သူ့ရဲ့ ချိတ်ဆက်မှုတွေဟာ Phase , Neutral နဲ့ Earth Wire တွေပဲဖြစ်ပါတယ်။ ELCB ဟာ Main Earth Wire ကနေဖြတ်သွားတဲ့ Earth Leakage Current လိုမျိုး Electrical Fault ကိုသာ Detects လုပ်ပါတယ်။
    ပထမပုံကိုကြည့်လိုက်မယ်ဆိုရင် ELCB ရဲ့ Normal Connection မှာဆိုရင် Current ဟာ Line ကနေ Neutral ကိုသွားနေမှာပါ။ အကယ် Fault အခြေအနေမှာ ရှိခဲ့မှာဆိုရင် သတ်မှတ်ထားတဲ့ Voltage ထက်များလာပါက Load က Trigger ဖြစ်လာပြီး Tripp Coil ထဲသို့  Current စီးဆင်းကာ Line နဲ့ Neutral ကြားက Current ကိုဖြတ်တောက်ပေးပါတယ်။

RCCB
=====

    RCCB ဆိုတာကတော့ Residual Current Circuit Breaker ကိုဆိုလိုပါတယ်။ အဲ့ဒီ Safety Device ဟာ Indirect Contacts ကြောင့် ဖြစ်တဲ့ Electric Shocks တွေကနေ ကာကွယ်မှုကို သေချာစေဖို့အတွက် Electrical Leakage Current ကို ဆန့်ကျင်ဖို့အတွက် Circuit ကို Trip ဖြစ်အောင်လုပ်ပေးတဲ့ အရာဖြစ်ပါတယ်။

    RCCB ဟာ Current Operates Device အမျိုးအစားဖြစ်ပြီးတော့  Phase နဲ့ Neutral ကိုသာချိတ်ဆက်ထားပါတယ်။ RCCB ဟာမည်သည့် Earth Fault မှန်သမျှကို Detect လုပ်ပေးနိုင်ပါတယ်။
    ဒုတိယပုံကိုကြည့်လိုက်မယ်ဆိုရင် Normal အခြေအနေမှာဆို Current ဟာ Line နဲ့ Neutral အပေါ်ဖြတ်စီးသွားပါတယ်။ သို့သော် Current တွေဟာ CBCT  ဆိုတဲ့ Core Balance CT အပေါ်ဖြတ်ပြီးစီးဆင်းသွားပါတယ်။ CBCT သည် Residual Current အပေါ်မှာအခြေခံပြီးအလုပ်လုပ်တာပါ။ LINE မှာ 20 amps ဖြစ်ရင် Neutral မှာ 20 amps ဝင်ရင် Trip မဖြစ်ပါဘူး။ အကယ်၍ Current မတူပါက CBCT ထဲအလုပ်လုပ်ပြီး LINE နဲ့ Neutral ကိုဖြတ်တောက်ပေးပါတယ်။

Conclusion 
==========

    ELCB သည် ယခုအချိန်မှာအသုံးပြုမှုရှားပါးသွားပြီဖြစ်ပါတယ်။ ELCB သည် အထက်ပါပြောခဲ့သလို Main Earth Wire ကနေဖြတ်တဲ့ Current ကိုသာ Detect လုပ်တာဖြစ်ပြီး RCCB ကတော့ မည်သည့် Earth Fault မှန်သမျှကို Detect လုပ်ပါတယ်။  

Reference : Electrical Lectures, Tutorialspoint
    

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

PLC Scan Time Problem

PLC Scan Time Problem     ဒီ Post ကို အရင် account အ​ဟောင်းမှာတုန်းက​တော့တင်ဖူးတယ်။ ဒါ​ပေမယ့် အခုကပြန်ပြီး နားလည်လွယ်မယ့်ပုံစံမျိုးနဲ့ပဲကျွန်​တော်​ရေး​ပေးပါမယ်။     ကျွန်​တော်တို့  PLC project ​တွေမှာဆိုရင် Programming ကို Ladder Diagram နဲ့​ရေးကြတာများပါတယ်။ တခြား Structure Text တို့ Function  Block တို့ Sequence တို့နဲ့လည်း​ရေးလို့ရပါတယ်။သို့​သော်လည်း ဒီကိစ္စမှာ​တော့ Ladder Diagram နဲ့ ဥပမာကိုတင်ပြသွားပါမယ်။      Scan Time ဆိုတာ ဘာလဲအရင် အကျဥ်းချုံပြီး​ပြောပါမယ်။ ပထမပုံက Ladder Diagram လိုပုံစံမျိုး​ရေးထားတယ်ဆိုပါစို့။ Program ရဲ့ ထိပ်ဆုံးအပိုင်းက​နေ Program ရဲ့ အဆုံးအထိ PLC က Scan ဖတ်ပါတယ်။ Scan ဖတ်နှုန်းဟာလည်း ​ရေးတဲ့ Program ​ပေါ်မူတည်ပြီး တစ်စက္ကန့်ကို Scan ဘယ်နှကြိမ်ဖတ်လည်းဆိုတာ​တွေရှိပါတယ်။      ကျွန်​တော်တို့ PLC Ladder Diagram မှာ Program ​တွေ​ရေးတယ်ဆိုရင် သာမန် Line 20 ခု, 30 ခု​လောက်​တော့ ပြသာနာမရှိ​လောက်ပါဘူး။ သို့​သော်လည်း Line အခု 20တို့ 30တို့မှာ High Counter ​တွေတို့ တခြား API ​တွေ အများကြီး​တွေသုံး...