Skip to main content

Difference between Power Cable & Instrument Cable

    Control Circuit တွေမှာဆိုရင် Cabling နှစ်မျိုး ရှိပါတယ်။ အဲ့တာကတော့ Power နဲ့ Control Cable တို့ပါပဲ။ Control Cable ကို တခြားဘယ်လိုခေါ်သေးလဲဆိုရင် Instrument Cable လို့လည်းခေါ်ပါတယ်။ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ Power Cable နဲ့ Control Cable တို့ရဲ့ကွဲပြားခြားနားချက်ကိုသိထားတာကလည်းအလွန်ကိုအရေးကြီးပါတယ်။

What is a Power Cable?
    Power Cable တွေကတော့ Higher Voltage Transmission တွေမှာသုံးပါတယ်။ Power Cable တွေကတော့ အများအားဖြင့် ကြိုးရဲ့ Diameter အချင်းကကြီးပြီးတော့ Thickness ကလည်းထူပါတယ်။ Power Cable တွေကတော့ Higher Voltage နဲ့ Current ( 400A and 32KVAC ) အထိကိုသုံးနိုင်ပါတယ်။

What is an Instrument Cable?
    ဒီလို Cable မျိုးကို Automation နဲ့ Instrumentation Control တွေမှာအသုံးများပါတယ်။ Instrument Cable တွေဟာ Power Cable တွေထက်စာရင် Thickness size ဟာသေးပြီးတော့ Voltage နဲ့ Current ပမာဏ သေးသေးလောက်ပဲအသုံးပြုလို့ရတာပါ။ အသုံးများတဲ့ Voltage နဲ့ Current တွေဖြစ်တဲ့ 24VDC and 20mA အတွက်သုံးကြပါတယ်။

    Instrument တွေ Field Device တွေနဲ့ PLC လိုမျိုး Controller တွေအတွက် Control လုပ်ဖို့ကို ဒီ Instrument Cable တွေကိုပဲသုံးကြပါတယ်။

     ဒီ Cable နှစ်ခုရဲ့ Difference ကွဲပြားခြားမှုအကြောင်းကိုပြောရမယ်ဆိုရင်,

1.Power Cable တွေက Power Transmission, Distribution , Overhead Equipment နဲ့ တခြားသော် High Power Application တွေမှာသုံးပါတယ်။ Instrument Cable တွေကတော့ Industrial Automation နဲ့ တခြား Signal Control Application တွေမှာသုံးပါတယ်။

2.Power Cable ဟာ Energy Transfer အတွက်သုံးတာဖြစ်ပြီးတော့ အသုံးပြုနေစဉ်အတွင်းမှာ ကြီးမားတဲ့ လျှပ်စစ်သံလိုက်စက်ကွင်းကို Cable ရဲ့ ပတ်ပတ်လည်မှာအချိန်တိုင်းလိုလိုထုတ်ပေးလေ့ရှိပါတယ်။ Instrument Cable တွေမှာကတော့ အဲ့လိုမဟုတ်ပါဘူး။ နဂိုကတည်းက Low Power ကိုသုံးဖို့အတွက် Design ဆွဲထားတာဖြစ်တဲ့အတွက်  လျှပ်စစ်သံလိုက်စက်ကွင်း ခေါ် Electromagnetic Field မထုတ်နိုင်ပါဘူး။ သို့သော်လည်း ဒီ Cable က Noise နဲ့ Electrical Radiation တွေရဲ့ ကြားဖြတ်နှောက်ယှတ်မှုကို ကာကွယ်ပေးနိုင်တာမလို့ Control Signal Transmission မှာသုံးတာအကောင်းဆုံးပါပဲ။

3.Power Cable တွေဟာ ပမာဏကြီးမားတဲ့ Voltage တွေကို Transfer လုပ်ရတာဖြစ်တဲ့အတွက် အကောင်းဆုံး Sheathing အကာတွေနဲ့စွပ်ထားပါတယ်။ အဲ့ Sheathing တွေက မာကြောပြီးတော့ အပူဒဏ်,သံချေးတတ်ခြင်း Corrosion နဲ့ တခြားအရာတွေကိုလည်းကာကွယ်ပေးပါတယ်။ Instrument Cable မှာတော့ ဒါတွေမလိုအပ်ပေမယ့် တစ်ခါတစ်ရံမှာ ‌PVC Insulation တွေနဲ့စွပ်ထားတတ်ပါတယ်။

4.Power Cable ရဲ့ Size ဟာ 1.5mm ကနေ 630mm အထိရှိနိုင်ပြီးတော့ Instrument Cable တွေက 0.5mm ကနေ 1.5mm အထိရှိနိုင်ပါတယ်။

5.Power Cable မှာ Signal တွေကို Transfer မလုပ်တဲ့အတွက် Shielding ကမလိုအပ်ပါဘူး။ Instrument Cable မှာတော့ ပြင်ပက လာတဲ့ Noise တွေကိုကာကွယ်အတွက်လိုအပ်ပါတယ်။

6.Power Cable က အများအားဖြင့် တစ်ခုတည်းသော core တစ်ခုဖြင့် ရောက်ရှိလာပါတယ်။ (R အဆင့်ကဲ့သို့ ဝါယာကြိုးတစ်ခု၊ Y အဆင့်တွင် ဝါယာကြိုးတစ်ခု ရှိသည်၊ စသည်ဖြင့်)။  Instrument Cable ကတော့ အများအားဖြင့် Multicore cable တစ်ခုဖြစ်ပါတယ်။  အချက်ပြများ မှန်ကန်စွာ ထုတ်လွှင့်ရန် လိုအပ်ပြီး ရှုပ်ထွေးမှုကို ရှောင်ရှားရန် အရွယ်အစား သေးငယ်သောကြောင့် ၎င်းသည် core တစ်ခုတည်း မဖြစ်နိုင်ပါဘူး။

Reference : Instrumentationtools

Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...