Process Variable (PV), Lower Range Value (LRV) နဲ့ Upper Range Value (URV) ကနေ Equivalent Current (mA) ကိုတွက်ပေးမယ့် Formula ကိုရေးပေးသွားပါမယ်။ ဒီ Formula ဟာ PLC Analog Input Output အတွက်အထောက်အကူပြုပေးနိုင်ပါတယ်။
PV - LRV / Span = mA - LRV / Span
Span = URV - LRV
Where,
PV = Process Variable
LRV = Lower Range Variable
URV = Upper Range Variable
mA = milli Ampere
Process Variable, Transmitter Lower Range ရဲ့ LRV နဲ့ Span အတွက် Formula ရဲ့ ဘယ်ဘက်အခြမ်းဟာ Transmitter Range ရဲ့ LRV နဲ့ URV ကြားက ကွာခြားချက်ဖြစ်ပါတယ်။ Current (mA) နဲ့ Standard Current Range ရဲ့ LRV နဲ့ URV သည် ညာဘက်အခြမ်းမှာဖြစ်ပါတယ်။ Span ဟာ LRV (4mA) နဲ့ URV (20mA) ကြားကကွာခြားချက်ဖြစ်ပါတယ်။ ဒီ Formula ကိုသုံးခြင်းအားဖြင့် mA ကနေ PV သော်လည်းကောင်း၊ PV ကနေ mA သော်လည်း တွက်ချက်နိုင်ပါတယ်။
Example
=======
Temperature Transmitter တစ်ခုရှိတယ်ဆိုပါစို့။ ဒီ Transmitter ဟာ PLC သို့ မဟုတ် Microcontroller တစ်ခုခုကိုချိတ်ဆက်ထားတယ်လို့ ယူဆကြည့်ရအောင်။ သူရဲ့ Transmitter Range က 0°C ကနေ 50°C အထိရှိပြီး လက်ရှိ current mA ဟာ 12 mA တယ်ဆိုပါတော့။ Transmitter ရဲ့ PV တန်ဖိုးဟာဘယ်လောက်ဖြစ်ပါသလဲ?
Solution
=======
LRV = 0
URV = 50
mA = 12 mA
Standard mA ရဲ့ LRV နဲ့ URV ဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။
LRV = 4mA
URV = 20mA
( မှတ်ချက်။ ။ အကယ်၍ 0-20 mA ကိုသုံးပါက LRV နေရာမှာ 0 mA ဟုသတ်မှတ်ရပါမည်။ )
Span = 20 - 4
Span = 16
PV = ?
Formula ထဲ၌ တန်ဖိုးများကိုထည့်သွင်းပါသော် အောက်ပါအတိုင်းရရှိပါမယ်။
PV - LRV / Span = mA - LRV / Span
PV - 0 / Span = 12 - 4 / 16
ဘယ်ဘက်က Span တန်ဖိုးသည် 0 ကနေ 50 ဖြစ်သော်ကြောင့်,
Span = URV - LRV
Span = 50 - 0
Span = 50
Formula အားတွက်ချက်ပါက,
PV - 0 / 50 = 12 - 4 / 16
PV - 0 / 50 = 8 / 16
PV - 0 / 50 = 0.5
PV - 0 = 0.5 x 50
PV = 25
ဒါကြောင့်မလို့ Standard Current mA (4-20mA) နဲ့ Transmitter Range 0 ကနေ 50°C ကြားမှာရှိတဲ့ 12mA ဟာ 25°C ကို ဖော်ညွှန်းတာဖြစ်ပါတယ်။
Reference : instrumentationtools
Comments
Post a Comment