Safety သည် မည်သည့်လုပ်ငန်းစဉ်အတွက်မဆိုအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ Safety Sign နဲ့ပတ်သတ်လာရင် တစ်နေရာနဲ့တစ်နေရာ ပုံစံချင်းအနည်းအငယ်ကွဲပြားကောင်းကွဲပြားနိုင်ပါတယ်။ ဒီ Post မှာကတော့ Industry Field ထဲကပဲ Safety Words တစ်ခုချင်းစီကိုရေးပြသွားမှာပါ။
Danger
======
အထက်ပါစကားလုံးသည် လုံးဝအန္တရာယ်ရှိသည့်အခြေအနေမျိုးကိုညွှန်းပြတာဖြစ်ပြီးတော့ အဆိုပါအခြေအနေကိုကောင်းမွန်စွာမကိုင်တွယ်နိုင်လျှင် အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။
Warning
=======
အဆိုပါစကားလုံးသည် အန္တရာယ်အလားအလာရှိနိုင်သည့်အခြေအနေမျိုးကိုဖော်ပြတာဖြစ်ပြီး အဆိုပါအခြေအမျိုးကိုကောင်းမွန်စွာမကိုင်တွယ်နိုင်ပါကလည်း အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။
Caution
=======
Caution သည်လည်း အန္တရာယ်အလားလာရှိနိုင်သည်ဟုဖော်ပြထားပါတယ်။သို့သော် ကောင်းမွန်စွာမကိုင်တွယ်နိုင်ပါက အသေးဒဏ်ရာကိုရရှိနိုင်တယ်လို့ဖော်ပြထားပါတယ်။
Notice
======
Notice သည် အန္တရာယ်ဖြစ်နိုင်မှုအနည်းဆုံးအခြေအနေကိုဖော်ပြထားပါတယ်။သို့သော်အခြေအနေသို့မဟုတ်ပစ္စည်းကိရိယာများကိုသေချာစွာအသုံးပြုသင့်သည်လို့ဖော်ပြထားတာပါ။
Reference : Internet Sources
Comments
Post a Comment