Electrical Motor တစ်ခုကို Full Speed နဲ့လည်ချင်တာပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ Speed တစ်ခုနဲ့လည်ပတ်ချင်တာပဲဖြစ်ဖြစ် Motor ကိုအရင်စစ်ဆေးပေးဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့ Motor ဟာ Device တစ်ခုခုကို Motor Shaft နဲ့ ချိတ်ဆက်ထားသည်ရှိစေသို့မဟုတ်Motorဟာတိတိကျကျအလုပ်လုပ်သည်ဟုတ်လားမဟုတ်လားဖြစ်စေစစ်ဆေးပေးဖို့လိုအပ်ပါတယ်။ဘာကြောင့်စစ်ဆေးဖို့လိုတာလည်းဆိုရင် အကယ်၍ Motor တစ်ခုဘာမှမစစ်ဆေးပဲတိုက်ရိုက်ကြီးပေးမောင်းမယ်ဆိုရင်Motorမှာမမျှော်လင့်ထားတဲ့မတော်တဆမှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်မလို့ Jogging လုပ်ပြီး Motor ကိုစစ်ဆေးပေးရတာပါ။
Jogging ခေါ် Inching ဆိုတာကတော့ အချိန်တိုအတွင်း မော်တာအား မကြာခဏ စတင်ရန် သို့မဟုတ် ရပ်တန့်ရန် လိုအပ်သည့် လုပ်ဆောင်ချက်ဖြစ်ပြီး ဥပမာအားဖြင့် ၅ စက္ကန့် သို့မဟုတ် စက္ကန့် 20 ဖြစ်နိုင်ပါတယ်။
တစ်ခုမှတ်ထားရမှာက Jogging ဟာ Toggle Type မှာတော့အလုပ်ဖြစ်မှာမဟုတ်ဘူးဆိုတာပါပဲ။ Momentary မှာပဲအလုပ်ဖြစ်မှာပါ။ဘာဖြစ်လို့လဲဆိုတော့ခလုတ်ကိုအသုံးပြုပြီးအော်ပရေတာကခလုတ်ကိုပိတ်ဖို့မေ့သွားရင်Motorကဆက်တိုက်လည်ပတ်နေတာကြောင့်မလို့အခန့်မသင့်ရင်မတော်တဆမှုတွေဖြစ်သွားနိုင်ပါတယ်။
အဲ့ဒီတော့ Supervisor တစ်ယောက်က Operator သမားတစ်ယောက်ကို Motor တစ်လုံးစစ်ဖို့ On Off On Off အတွက်ကို Push Button တစ်ခုနဲ့တင်လုံလောက်ပါတယ်။
အကယ်၍ VFD နဲ့ Jogging လုပ်မယ်ဆိုရင်တော့ Parameterတွေကိုတိတိကျကျထည့်ပြီးမှ Jogging လုပ်ဖို့လိုပါလိမ့်မယ်။ Parameter တွေဆိုကလည်း Jog Maximum Runtime, Jog Acceleration, Jog Deceleration အစရှိသဖြင့်ပေါ့။ အဲ့လိုလုပ်ခြင်းအားဖြင့် Motor ကိုမောင်းနှင်ဖို့ Safe ဖြစ်နိုင်ပါတယ်။ VFD ဟာ Jogging Operation တွေအတွက် အကောင်းဆုံး Operation တွေကိုပေးစွမ်းနိုင်ပါတယ်။
Reference: Instrumentationtools
Comments
Post a Comment