ကျွန်တော်တို့ Process Control တွေမှာ လိုချင်တဲ့ Set Point ကိုလိုချင်တယ်ဆိုရင် PID တွေအသုံးပြုကြတာများပါတယ်။ ထုံးစံအတိုင်း Proportional Gain တို့ Integral တို့ Derivative တို့ကို Tuning လုပ်ကြတာပေါ့။ အခုတော့ PID မှာ ယေဘုယျအားဖြင့်ပုံစံ သုံးမျိုးရှိပါတယ်။ အဲ့တာတွေကတော့ Parallel, Ideal နဲ့ Series တို့ပဲဖြစ်တယ်။
တချို့ Controller တွေမှာကတော့ PID Equation ပုံစံကို တစ်ခုထက်ပိုပြီးတော့အသုံးပြုနိုင်ဖို့ Offer ပေးတတ်ကြပါတယ်။ ဒါပေမယ့် တချို့ ကတော့ PID Equation တစ်ခုတည်းကိုသာအသုံးပြုလိုပဲရပါတယ်။ ဒီ PID Equation တွေက သုံးခုပဲရှိတာလားဆိုတော့လည်းမဟုတ်ပါဘူး။ တခြားဟာတွေလည်းရှိပါသေးတယ်။ သို့သော်လည်း ဒီသုံးခုကတော့ Major Variations တွေဖြစ်ပါတယ်။
Parallel PID Controller
ကျွန်တော်အရှေ့ Article မှာရှင်းပြထားတဲ့ ပုံစံတစ်မျိုးပါပဲ။ အဲ့ဒီ Equation ကိုလည်း PID Support လုပ်တဲ့ Low ကနေ High Brand PLC အထိ အသုံးများတဲ့ Equation တစ်မျိုးပါပဲ။
ဒီ Equation တွေမှာ Action Parameter တွေဖြစ်တဲ့ Kp,Ti နဲ့ Td တွေဟာ တစ်သီးတစ်ခြားစီပဲရှိနေပါတယ်။ ဆိုလိုတာက Kp ရဲ့ Gain ပြောင်းလိုက်တာနဲ့ တခြား Ti နဲ့ Td အပေါ်သက်ရောက်မှုရှိမှာမဟုတ်ဘူးဆိုတဲ့သဘောပဲ။ ဒါကြောင့် Tuning လုပ်ရင် တစ်ခုချင်းစီကို လိုက် Tuning လုပ်ပေးရပါတယ်။
Ideal PID Controller
ခုနက PID နဲ့အပြိုင်ပဲ ဒီ Ideal Equation ကတော့ သူရဲ့ Gain (Kp) ဟာ တခြား Control Action ဖြစ်တဲ့ Ti နဲ့ Td အပေါ်သွားသက်ရောက်ပါတယ်။ ဒါကို Ideal or ISA Equation လို့ခေါ်ပါတယ်။
Kp ကို Increase လုပ်ရင် တခြား Control Action ပါ ထပ်တူညီစွာလိုက်ပြီ Aggressive ဖြစ်ပါလိမ့်မယ်။ ဒီမှာတစ်ခုကတော့ Ti နဲ့ Td အချင်းချင်းက Independently ဖြစ်နေပါမယ်။ ဆိုလိုတာက Ti ကတိုးရင် Td အပေါ် မှာသက်ရောက်မှုရှိမှာမဟုတ်ပါဘူး။
Series PID Controller
ဒီ Controller မှာလည်း Kp ဟာ Ti နဲ့ Td အပေါ် အကျိုးသက်ရောက်နေပါတယ်။ Kp တန်ဖိုးပြောင်းလဲသ၍ Ti နဲ့ Td လည်းပြောင်းလဲမှာပါ။ ဒီမှာတစ်ခုမတူတာက Ti နဲ့ Td တစ်ခုခုတန်ဖိုးပြောင်းလဲရင်လည်း တခြား Control Action တွေပါပြောင်းလဲမှာပါ။ တစ်ခုနဲ့တစ်ခုအပြန်အလှန် Depend ဖြစ်နေပါတယ်။ ဒါကြောင့် ဒီ Equation ကို Series ခေါ် Interacting Equation လို့လည်းခေါ်ပါတယ်။
Reference : Instrumentationtools
Comments
Post a Comment