Skip to main content

Integral (Reset) Control Theory (3)

    အကယ်၍ Proportional Action ဟာ Error နဲ့ သတ်မှတ်ရင် Output ကဘယ်လောက်ရွေ့မလဲဆိုတာပြတာပါ။ Integral Action ဟာ Error နဲ့ သတ်မှတ်ရင် Output ဟာ ဘယ်လောက်မြန်မြန်ရွေ့မလဲဆိုတာဖော်ပြပါမယ်။ သချာ်နည်းအရဆိုရင် Error ဟာ ( PV နဲ့ SP နှုတ်လို့ သုညဖြစ်ရင် ) ညီနေရင် သေချာတာကတော့ Integral Action ဟာ Ramping ဖြစ်နေတဲ့ အခြေအနေကိုရပ်တန့်သွားပါလိမ့်မယ်။ တကယ်က Input Signal ကြောင့် လှိုင်းထသလိုပုံစံမျိုး Set Point မရောက်ခင်မှာ တတ်လိုက်ကျလိုက်ဖြစ်နေဦးမှာပါပဲ။ သူသတ်မှတ်ထားတဲ့ တန်ဖိုးကိုရောက်သွားခဲ့ရင်တော့ ကျွန်တော်တို့ အရှေ့ကပြောခဲ့တဲ့ ကားအရှိန်နှုန်းဒိုင်ခွက် (Odometer) လိုပဲ သူရဲ့ Constant တန်ဖိုးကို ထိန်းပေးပါလိမ့်မယ်။

    ကျွန်တော်တို့ဟာ Controller Equation ကို Integral Term နဲ့ ထည့်လိုက်ရင် အောက်က Equation ကိုရလာမှာဖြစ်ပါတယ်။


m = Controller Output
e = Error
Kp = Proportional Gain
Ti = Integral Time Constant (Minutes)
t = Time
b = Bias

    ကျွန်တော်တို့ အင်္ဂလိပ်အက္ခရာ "S" လို ရှည်မျောမျော ပုံစံကို Integral လို့ခေါ်ပါတယ်။ အဲ့ဒီ Integral ကတော့ Error ရဲ့ သေးငယ်လှတဲ့ အချိန်မှာရှိတဲ့ Error ရဲ့ စုစုပေါင်းကိုဖော်ပြတဲ့နေရာမှာသုံးတာပါ။ သူ့အကြောင်းကိာ ကျွန်တော်အရှေ့ Post တုန်းမှာလည်းရေးထားပါတယ်။ အဲ့တာက Output Signal ကို အထောက်အကူပြုပါတယ်။

    ဒီနေရာမှာ Integral Time Constant ဆိုတဲ့ Ti ဟူ Technician နဲ့ Engineer တွေက Controller မှာ သတ်မှတ်ပေးကြပါတယ်။

    Proportional Action နဲ့ တွဲပြီးတော့ Controller က Integral Action ကိုသုံးဖို့အတွက် နည်းလမ်း ၂ခုနဲ့ သုံးရပါတယ်။ အဲ့တာတွေကတော့

- Minutes per Repeat နဲ့
- Repeats per Minute တို့ပဲဖြစ်ပါတယ်။


    Minutes per Repeat မှာ Minute က Controller ရဲ့ Integral Action မှာတန်ဖိုးကြီးလာရင် အချိန်ကြာလာတာနဲ့ အမျှ Integral Action ဟာ Less Aggressive ဖြစ်လာပါတယ်။ Proportional Band အတွက် တန်ဖိုးကြီးတာလည်းပဲ Proportional Action ကို Less Aggressive ပိုပြီးဖြစ်စေပါတယ်။ Repeats per Minute မှာတော့ Gain နဲ့ သုံးပါတယ်။ အချုပ်အားဖြင့်ဆိုရရင်, Minutes per Repeat မှာတော့ Integral Time နဲ့ သုံးပြီးတော့ Repeats per Minute မှာတော့ Gain လိုပုံစံမျိုး နဲ့သုံးပါတယ်။

Reference: Instrumentationtools

Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...