Skip to main content

Integral (Rest) Control Theory (1)

    Vessel အတွက် Liquid Level Control System တစ်ခုရှိတယ်လို့ ယူဆကြည့်ရအောင်။ အဲ့ဒီ Vessel ထဲမှာ Motor ရဲ့ Speed ကို Control လုပ်ဖို့ အတွက် Potentiometer တစ်ခုတပ်ဆင်ထားတယ်ပေါ့။ အဲ့ဒီ  Potentiometer က Liquid ရဲ့ Level ကို Sensing လုပ်ဖို့အတွက် Float နဲ့ ချိတ်ဆက်ထားတဲ့ဟာပေါ့။ နောက် Liquid Level ဟာ Set Point ထက် ကျော်သည်ဖြစ်စေ လျော့သည့်ဖြစ်စေ  Valve နဲ့ ချိတ်ဆက်ထားတဲ့ Motor ကလည်း Liquid-Level အလိုက် အဖွင့်အပိတ် လုပ်ပေးလိမ့်မယ်။ Set Point ကျော်ရင် အဆက်မပြတ်ဖွင့်မယ်။ Set Point အောက်ရောက်ရင် အဆက်မပြတ်ပိတ်ပေးမယ်ပေါ့။

    Proportional တုန်းက Valve Position ကို Float နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာပေါ့  သူနဲ့မတူတာက ဘာလဲဆိုရင် ဒီ Control System မှာက Motor ဟာ Float Position ရဲ့ Level ပေါ်လိုက်ပြီး အတိုးအလျော့ လုပ်ပေးတာပဲ။ Set Point နဲ့ ဝေးလေလေ Valve ရဲ့ အဖွင့်အပိတ်ဟာလည်း မြန်လေလေပဲ။ တကယ်တော့ Set Point တစ်ခု ရောက်သွားတဲ့ အချိန်ရောက်ရင်, Valve Motion ရဲ့ အဖွင့် အပိတ်ကရပ်သွားလိမ့်မယ်။ တစ်နည်းပြောရရင် Control Valve က Constant Motion ဖြစ်နေလိမ့်မယ်။

    ဒီ Control System ဟာ အရင်တုန်းကပြောခဲ့သလိုပဲ Proportional Control System လုပ်ခဲ့တဲ့ ပုံစံနဲ့ ကွဲပြားပါတယ်။ Control System နှစ်ခုစလုံးဟာ Vessel ထဲမှာရှိတဲ့ Liquid Level ကို ထိန်းညှိပေးပါတယ်။ ဒါပေမယ့် အဲ့ဒီ Control System တွေကို မတူညီတဲ့ ပုံစံမျိုးနဲ့ ချဥ်းကပ်ပြီးတော့ အလုပ်လုပ်ကြပါတယ်။ အဲ့ဒီထဲကမှ အသိသာဆုံးကွားခြားချက်တစ်ခုကတော့ Proportional System မှာ Offset လို့ခေါ်တဲ့ Set Point နဲ့ Process Variable ကြားက Error က မလွဲမသွေ သက်ရောက်ပါလိမ့်မယ်။ အခုဒီ Control System မှာတော့ Offset ကို တစ်ချိန်လုံး ဖယ်ရှားပေးနေမှာပါ။ အဲ့တော့ Motor ဟာလည်း Offset တွေ မပျောက်မချင်း ရပ်နေမှာ မဟုတ်ပါဘူး။ ဒီ Control System ကို Proportional နဲ့ သတ်မှတ်မယ့်အစား Integral နဲ့ သုံးရပါလိမ့်မယ်။

Reference : Instrumentationtools

Comments

Popular posts from this blog

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

PLC Scan Time Problem

PLC Scan Time Problem     ဒီ Post ကို အရင် account အ​ဟောင်းမှာတုန်းက​တော့တင်ဖူးတယ်။ ဒါ​ပေမယ့် အခုကပြန်ပြီး နားလည်လွယ်မယ့်ပုံစံမျိုးနဲ့ပဲကျွန်​တော်​ရေး​ပေးပါမယ်။     ကျွန်​တော်တို့  PLC project ​တွေမှာဆိုရင် Programming ကို Ladder Diagram နဲ့​ရေးကြတာများပါတယ်။ တခြား Structure Text တို့ Function  Block တို့ Sequence တို့နဲ့လည်း​ရေးလို့ရပါတယ်။သို့​သော်လည်း ဒီကိစ္စမှာ​တော့ Ladder Diagram နဲ့ ဥပမာကိုတင်ပြသွားပါမယ်။      Scan Time ဆိုတာ ဘာလဲအရင် အကျဥ်းချုံပြီး​ပြောပါမယ်။ ပထမပုံက Ladder Diagram လိုပုံစံမျိုး​ရေးထားတယ်ဆိုပါစို့။ Program ရဲ့ ထိပ်ဆုံးအပိုင်းက​နေ Program ရဲ့ အဆုံးအထိ PLC က Scan ဖတ်ပါတယ်။ Scan ဖတ်နှုန်းဟာလည်း ​ရေးတဲ့ Program ​ပေါ်မူတည်ပြီး တစ်စက္ကန့်ကို Scan ဘယ်နှကြိမ်ဖတ်လည်းဆိုတာ​တွေရှိပါတယ်။      ကျွန်​တော်တို့ PLC Ladder Diagram မှာ Program ​တွေ​ရေးတယ်ဆိုရင် သာမန် Line 20 ခု, 30 ခု​လောက်​တော့ ပြသာနာမရှိ​လောက်ပါဘူး။ သို့​သော်လည်း Line အခု 20တို့ 30တို့မှာ High Counter ​တွေတို့ တခြား API ​တွေ အများကြီး​တွေသုံး...