Skip to main content

Example of 3-15 psi to 4-20mA Conversion


    Current to Pressure Transducer ကို 4-20 mA ကနေ 3-15 psi ကိုပြောင်းမယ်ဆိုရင်တော့ လွယ်လွယ်ကူးကူးပဲ Scaling လုပ်ပြီး​သုံးရင်ရပါတယ်။

    အခုဟာက ဒီ Transducer ကို Direct အစား Reverse Action သုံးပြီးတော့ Analog Scaling ကိုတွက်ပြီးသုံးရမယ်ပေါ့။ Reverse Action ဆိုတာက 15 psi မှာဆိုရင် 4mA ဖြစ်ပြီးတော့ 3 psi မှာဆိုရင် 20mA ဖြစ်တယ်ပေါ့။

    Transducer ရဲ့ Output Pressure 12.7 psi မှာဆိုရင်အဲ့ဒီ Current Signal တန်ဖိုးဘယ်လောက်ရှိမလဲဆိုတာတွက်ရပါမယ်။
    ကျွန်တော်တို့ဟာ အရင်ပုံစံမျိုးဖြစ်တဲ့ Range Signal ကိုတည်ပြီးတော့ Range Physical Output နဲ့ စားလိုက်တဲ့ Formula ကိုပဲသုံးထားတာပါ။ အဲ့ဒီ Formula က ဘယ်လိုဖြစ်လာလည်းဆိုရင် Signal Output နဲ့ ပြင်ပ Physical Output ရဲ့တန်ဖိုးတွေက တစ်ခုနဲ့တစ်ခု Proportional အချိုးကျကျဖြစ်နေပါတယ်။ အဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်မလို့ XY axis Graph နဲ့သုံးလိုက်တဲ့အခါမှာတော့ Linear Equation ပုံစံမျိုးဖြစ်နေတာကိုတွေ့ရပါမယ်။ အဲ့ဒီတော့ ခုနကပြောတဲ့ Range နှစ်ခုကိုစားထဲတဲ့ တန်ဖိုးဟာ တကယ်တော့ Linear Equation ရဲ့ Slope တန်ဖိုးဖြစ်နေပြီးတော့ Bias ဟာ Offset ဖြစ်နေမှာပါ။ Linear Equation ကတော့ 

                                   y = mx + b

    Reverse Acting ဖြစ်နေတဲ့ Analog Device ဟာလည်း Linear ပုံစံပါပဲ။ ကွာခြားတာတစ်ခုက Direct Action မှာဆိုရင် Signal ဟာ နည်းတာကနေများလာမှာဖြစ်ပြီးတော့ Reverse မှာတော့ များရာကနေ နည်းလာမှာဖြစ်ပါတယ်။
ဒါကြောင့်မလို့ Direct မှာဆိုရင် Slope တန်ဖိုးက အပေါင်းလက္ခဏာနဲ့ပြမှာဖြစ်ပြီးတော့ Reverse မှာဆိုရင် Slope ဟာ အနှုတ်လက္ခဏာနဲ့ပဲပြမှာပါ။ အခု ပုစ္ဆာကိုပဲတွက်ကြည့်လိုက်ရအောင်။ 

y = ( ( 4 - 20 ) / ( 15 - 3 ) x)+ b

y = (-16/12)x + b

B တန်ဖိုး Bias ကိုရှာဖို့အတွက် 3 Psi မှာ 20mA နဲ့ အစားသွင်းကြည့်လိုက်ပါမယ်။

20 = (-16/12) × 3 + b

20 = -4 + b

b = 24

ဒါကြောင့် ဒီ Tranducer ရဲ့ Equation ကတော့,

y = (-16/12) x + 24


Output 12.7 Psi ရဲ့ Electric Signal ကိုရှာမယ်ဆိုရင်,

y = (-16/12) × 12.7 + 24

y = ( -16.93 ) +24

y = 7.07 mA ဆိုပြီးရလာမှာပါ။

    
Reference: Instrumentationtools

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...