Skip to main content

Why 24 Volts DC Power Supply is used in Industrial Automation Systems?


    24 V DC Power Supply ကို Sensors တို့ Instruments တို့နဲ့ တခြား Control Device တွေမှာ အဓိကတွဲသုံးရတာကို မြင်ဖူးနေကြပါပဲ။ အချိန်တွေကြာလာတာနဲ့အမျှ နည်းပညာတွေကတိုးတတ်လာပြီးတော့ 24V DC  Motor တွေကိုပါ Energizing လုပ်ဖို့အတွက်သုံးလာကြတဲ့နေရာတွေလည်းရှိလာပါတယ်။

    ဒါဆိုရင် DC Supply က AC ထက်စာရင် Instruments တွေကို Power ပေးဖို့အသုံးများကြတာလဲ? 

    အဲ့တော့ DC ကိုသုံးခြင်းရဲ့ ကောင်းကျိုးကို AC Supply နဲ့ ချင့်ချိန်ပြီးတော့ ကြည့်ရင်သဘောပေါက်နိုင်ပါတယ်။

    အဓိက Power Supply ကို DC နဲ့ ဘာကြောင့်သုံးကြသလဲဆိုရင် Arc Gerneration ဖြစ်တာနည်းလို့ပါ။ AC မှာက Supply 120V သို့မဟုတ် 220V ဆိုတာက အန္တရာယ်များလွန်းပါတယ်။ စဥ်းစားကြည့်ရင် အဲ့ဒီပမာဏက ဘေးပတ်ဝန်းကျင်နဲ့ တခြားလူပုဂ္ဂိုလ်တွေ အန္တရာယ်ပြုစေနိုင်တဲ့ Electric Sparks နဲ့ Arc တွေကို ထုတ်ပေးနိုင်တဲ့အလားအလာပိုများပါတယ်။ ဒီလိုမျိုး အန္တရာယ်များတဲ့အတွက်ကြောင့်မလို့ 24V DC ကိုသုံးရပါတယ်။ 24VDC ကိုယ်တိုင်ကလည်း Electric Spark ထုတ်သော်ငြားလည်း သူရဲ့ ပမာဏ ဟာ AC ထက်စာရင် အန္တရာယ်ကမရှိပါဘူး။ နောက်တစ်ချက်က သူ့ရဲ့ Low Voltage ကြောင့် အဲ့ဒီ DC Supply ကိုထိခဲ့ရင်သော်လည်း Electric Shock ဖြစ်ဖို့က ခက်ခဲပါတယ်။

     DC Supply ရဲ့ Current Carrying ကလည်း အကန့်အသတ်ရှိပါတယ်။ အဲ့ဒီ ကန့်သတ်ချက်ကြောင့် Instruments တွေကိုသုံးလို့မရဘူးလို့ မဆိုလိုပါဘူး။ DC Supply ရဲ့ Current က Device တွေကို Power ပေးဖို့လည်းလုံလောက်ပါတယ်။ အကယ်၍ Short Circuit ဖြစ်ခဲ့ရင်သော်လည်း သူ့ရဲ့ ကန့်သတ်ချက်ကြောင့် Supply ကနေ Instrument ကိုပေးမယ့် Power ကို သူ့ဘာသာသူဖြတ်လိုက်တာပါပဲ။

    အဲ့လိုပြောပုံဆိုရင် DC Supply သုံးရင်တောင် Fuse မလိုဘူးလို့ပြောရမယ်လို ထင်မိနိုင်တယ်။ သို့သော်လည်း User ရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီးတော့ Application တွေတော်တော်များများမှာသုံးတာတွေလည်းရှိတယ်။ ပြောရရင် Device အတွက် ထပ်ဆောင်း အကာအကွယ်အတွက် ပုံစံမျိုးနဲ့သုံးတာပေါ့။  မဟုတ်ရင် DC Supply က AC Supply နဲ့ယှဥ်ရင် Fuse ကမလိုဘူးပေါ့။

    နောက်တစ်ခုက DC Supply ကိုသုံးချင်ကြောင့်ပဲ Instrument ရဲ့ Size နဲ့ Cost ကို လျော့ချပေးနိုင်တယ်။ ဒီဘက်ခေတ်မှာ Semiconductor တွေက Nano Level ပဲရှိတာမလို့ DC Supply ရဲ့  Size ကိုလျော့ပေးနိုင်တာက Reliability ကိုလည်း ကောင်းမွန်စေတယ်, Cost ကိုလည်း လျော့ပေးနိုင်သလို့ Instrument ရဲ့ Efficiency ကိုလည်း ကောင်းမွန်စေပါတယ်။

    အကယ်၍ DC Output နဲ့ AC Output တွေကို သိတယ်ဆိုရင်, DC က Constant ဖြစ်ပြီးတော့ အတတ်အကျလည်း AC ထကိစာရင် နည်းပါတယ်။ အဲ့ဒါကြောင့် DC က Instrument တွေကို Fixed Voltage ကို Higher Percentage အနေအထားနဲ့လည်းပေးနိုင်သလို အတက်အကျက လျော့နည်းပါတယ်။ အတက်အကျကို ဒီမှာတော့ Fluctuation လို့ခေါ်ပါတယ်။ အမြှင့်ဆုံး Level မှာရှိတဲ့ Voltage ထဲက Higher Fluctuation နဲ့ Short Spike တွေက Circuit ကို ပျက်စီးစေနိုင်ပါတယ်။

    24V DC Supply ထဲမှာ Instrument က 500-600 Ohms လောက်ရှိတဲ့ Load Resistance ကို သုံးလို့ရပါတယ်။ အဲ့တာကလည်း Heavy Operation တွေမှာသုံးတဲ့ Valve Positioner တွေကိုသုံးဖို့ လုံလောက်ပါတယ်။ DC ဟာ AC ထက်စာရင် ဆူညံ့သံပိုနည်းပါတယ်။ DC Supply မှာ UPS နဲ့ Battery တွေက Electricity ကို သိမ်းဖို့အတွက် DC Supply ကိုသုံးကြပါတယ်။

    DC မှာလည်း AC နဲ့ယှဥ်ရင် တစ်ချို့ ဆိုးကျိုးတွေလည်းရှိပါတယ်။ DC ကို အကွာအဝေး တစ်ခုနဲ့တစ်ခု အရမ်းဝေးနေရင် သုံးလို့ အဆင်မပြေပါဘူး။ Signal ရဲ့ Capacity တွေကိုလျော့သွားပါတယ်။ ဥပမာမြင်သာအောင်ပြောရင် RS485 ဟာ ပေ ၁၂၀၀ လောက်မှာ သူ့ရဲ့ Signal အမြန်ဆုံးနှုန်းက 9600 Kb/s ပဲရှိပါတယ်။ ၁၀ပေ အောက်ဆိုရင် သူ့ရဲ့ Signal က 10MB/s အထိရပါတယ်။ နောက် DC ဟာ High Current Load တွေကို သုံးလို့အဆင်မပြေပါဘူး။

Reference: Instrumentatiomtools

    

Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...