Skip to main content

Sink & Source in PLC

    Sink and Source အကြောင်း အသေးစိတ်ကို ဆရာတော်တော်များများလည်း တင်ဖူးတာကိုတွေ့ရပါတယ်။ အခုကတော့ PLC နဲ့ Sink & Source ဘယ်လိုသုံးသလဲဆိုတဲ့ဟာကိုပဲရေးထားပါတယ်။ အမှားပါရင် ပြောပေးကြပါ။

    Sink and Source ကတော့ Load ကနေ ဖြတ်စီးသွားတဲ့ Current Direction အပေါ်မူတည်ပြီးတော့ Sinking လား Sourcing လားဆိုတာ သတ်မှတ်ရတာပါ။ ဒါကြောင့် သုံးမယ့် Input ကလည်း Sinking လား Sourcing လားဆိုတာသိဖို့လိုပါတယ်။ 

    ကျွန်တော်ကတော့ နားလည်လွယ်အောင်လို့ တခြား Circuit တွေကိုထည့်ပြီး မပြတော့ပါဘူး။ အခုဟာက PLC ကနေ Input , Output တွေက ဘယ်ဟာက Sink, ဘယ်ဟာက Source ဆိုတာလောက်ပဲ ဆွဲပြထားတာပါ။
    ပထမပုံမှာကတော့ Input အတွက် Sensor ကို PNP Sensor သုံးထားပါတယ်။ PNP ရဲ့ အပေါင်းဘက် အခြမ်းကို 24V နဲ့ ချိတ်ပြီး Signal ကြိုးကို PLC Input Card နဲ့ချိတ်ထားပါတယ်။ PLC Input Card ရဲ့ Com ဘက်ကို 0V နဲ့ ချိတ်ဆက်ထားပြီးတော့ PNP ရဲ့ အနှုတ်ဘက်ကိုလည်း 0V နဲ့ပါချိတ်ထားပါတယ်။ ဒါကြောင့် Sinking Input ဖြစ်ပါတယ်။ PLC Output ဘက်မှာတော့ Coil ကို 0 V နဲ့ချိတ်ပြီးတော့ တစ်ဖက်ကို Output Card နဲ့ချိတ်ထားပါတယ်။ PLC ရဲ့ Com ဘက်ကိုတော့ 24V နဲ့ ချိတ်ထားပါတယ်။ ဒါဟာ Sourcing Output ပါပဲ။
    ဒုတိယပုံမှာ Sensor ကို NPN နဲ့ သုံးထားပြီးတော့ PLC နဲ့ချိတ်ထားပါတယ်။ ဘာကွာသွားသလဲဆိုရင် PLC မှာရှိတဲ့ Com က 24V နဲ့ချိတ်ထားပါပဲ။ အဲ့တာက Sourcing Input လို့ခေါ်ပါတယ်။ PLC Ouput ဘက်မှာလည်း Coil က တစ်ဖက်မှာ 24V နဲ့ချိတ်ပြီးတော့ တစ်ဖက်မှာ Output Card နဲ့ ချိတ်ထားပါတယ်။ Output Card ရဲ့ Com ကိုတော့ 0V နဲ့ချိတ်ထားပါတယ်။ အဲ့တာကို Sinking Output လို့ခေါ်ပါတယ်။

    နိဂုံးချုပ်ရရင် PLC ရဲ့  Sink နဲ့ Source ကို လွယ်လွယ်နဲ့မှတ်မိချင်ရင် သုံးတဲ့ PLC ရဲ့  Com က 24V သုံးတာလား 0V သုံးတာလားဆိုတာသိရမယ်။ 24V နဲ့သုံးရင် Sourcing ကိုသုံးထားတာဖြစ်ပြီးတော့ 0V နဲ့သုံးရင် Sinking ကိုသုံးထားတာဖြစ်တယ်လိုမှတ်လို့ရပါတယ်။ သို့သော် Delta လို PLC တွေရဲ့  Input အ​ခြမ်းမှာ Com အစား S/S လို့ရေးထားပါတယ်။ သုံးတာကတော့အခုပြတဲ့နည်းအတိုင်းသုံးလည်းရပါတယ်။ တစ်ခုမှတ်ထားရမှာက သတ်မှတ်ထားတဲ့ Com နဲ့ သက်ဆိုင်တဲ့ Card ပေါ်မှာ Sink သုံးထားရင် Sink ပဲသုံးရမှာပဲ။ Source ဆိုရင်လည်း Source ပဲသုံးရမှာပါပဲ။

Comments

Popular posts from this blog

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

PLC Scan Time Problem

PLC Scan Time Problem     ဒီ Post ကို အရင် account အ​ဟောင်းမှာတုန်းက​တော့တင်ဖူးတယ်။ ဒါ​ပေမယ့် အခုကပြန်ပြီး နားလည်လွယ်မယ့်ပုံစံမျိုးနဲ့ပဲကျွန်​တော်​ရေး​ပေးပါမယ်။     ကျွန်​တော်တို့  PLC project ​တွေမှာဆိုရင် Programming ကို Ladder Diagram နဲ့​ရေးကြတာများပါတယ်။ တခြား Structure Text တို့ Function  Block တို့ Sequence တို့နဲ့လည်း​ရေးလို့ရပါတယ်။သို့​သော်လည်း ဒီကိစ္စမှာ​တော့ Ladder Diagram နဲ့ ဥပမာကိုတင်ပြသွားပါမယ်။      Scan Time ဆိုတာ ဘာလဲအရင် အကျဥ်းချုံပြီး​ပြောပါမယ်။ ပထမပုံက Ladder Diagram လိုပုံစံမျိုး​ရေးထားတယ်ဆိုပါစို့။ Program ရဲ့ ထိပ်ဆုံးအပိုင်းက​နေ Program ရဲ့ အဆုံးအထိ PLC က Scan ဖတ်ပါတယ်။ Scan ဖတ်နှုန်းဟာလည်း ​ရေးတဲ့ Program ​ပေါ်မူတည်ပြီး တစ်စက္ကန့်ကို Scan ဘယ်နှကြိမ်ဖတ်လည်းဆိုတာ​တွေရှိပါတယ်။      ကျွန်​တော်တို့ PLC Ladder Diagram မှာ Program ​တွေ​ရေးတယ်ဆိုရင် သာမန် Line 20 ခု, 30 ခု​လောက်​တော့ ပြသာနာမရှိ​လောက်ပါဘူး။ သို့​သော်လည်း Line အခု 20တို့ 30တို့မှာ High Counter ​တွေတို့ တခြား API ​တွေ အများကြီး​တွေသုံး...