Skip to main content

Proportional-Only Control Theory (2)

    Error တန်ဖိုးကို တွက်ထုတ်ပြီးတဲ့အချိန်ကျရင် Controller က Constant တန်ဖိုးဖြစ်တဲ့ Gain ဆိုတာနဲ့တွဲပြီးတော့ မြှောက်ပေးရပါတယ်။ ဒီနေရာမှာကတော့ Gain ဆိုတာက Output to Input Ratio ကိုပြောတာပါ။ ဒီဖြစ်စဥ်မှာဆိုရင် Proportional Gain Controller ရဲ့  Gain ဆိုတာက ပြောင်းလဲသွားတဲ့ Output Signal နဲ့ ပြောင်းလဲသွားတဲ့ Input Signal တို့ရဲ့ Ratio ကိုပြောတာပါ။ တစ်နည်းပြောရရင် Gain ထဲက Controller က Process Variable (PV) နဲ့ Set Point (SP) တွေရဲ့ ပြောင်းလဲမှုကိုလိုက်ပြီး တုံ့ပြန်ပေးရတာပါပဲ။

    ကိန်းဂဏန်းနဲ့ ဥပမာပေးပြီးတွက်ပြရရင်, Loop Controller တစ်ခုမှာ Gain ရဲ့ တန်ဖိုးကို 4 လို့သတ်မှတ်ထားတယ်ဆိုပါတော့။ အကယ်၍ Input အဝင် Signal က 10% ကိုပြရင် Output Signal အထွက်ကို 40 % လောက်ပြောင်းသွားပါမယ်။ ဒါကြောင့် အဝင်အထွက်ပြောင်းလဲခြင်းရဲ့ The Ratio of Output Change to Input Change က 4:1 လောက်ဖြစ်သွားပါတယ်။ 

    Bias ကတော့ Process တစ်ခုမှာ စစချင်း သုညမဟုတ်တဲ့အခြေအနေတစ်ခုရှိခဲ့ရင် သုံးပါတယ်။ ဥပမာ Valve တစ်ခုက ရေကို မပိတ်ဘူး 10% လောက်ပဲ စမှတ်မှာဖွင့်ထားမယ်ဆိုပါတော့။ အကယ်၍ Proprtional Controller တစ်ခုက Bias ကိုလည်းမသုံးဘူး, နောက်သတ်မှတ်ထားတဲ့ Set Point (SP) တန်ဖိုးနဲ့ PV တန်ဖိုးက ညီသွားရင် 0% Fully ပိတ်သွားပါမယ်။ တကယ်က Set Point နဲ့ Process Variable နဲ့ ညီရင် 10% လောက်ပဲ ဖွင့်ပေးရမှာပါ။ ဒါကတော့ Bias မပါပဲ တွက်မိတာကြောင့် ဖြစ်လာတဲ့ Error တစ်ခုကို တွက်ပြတာပါ။

m = Kp ( PV - SP )  + b

m = Kp ( 0-0 )     ( b ကို ထည့်မထွက်ပဲ သုံးလိုက်တာပါ )

m = 0%

    Controller က Infinity Gain ဖြစ်ခဲ့မယ်ဆိုရင် On/Off Control တွေက Duplicate ဖြစ်ပြီး များနေလိမ့်မယ်။ အဲ့တာက ဘာကိုဆိုလိုသလဲဆိုရင် Output Signal တစ်ခုက 0% ကနေ 100% အတွင်းမှာ Saturated ဖြစ်ပြီး Error များနေမယ်။ ဆိုလိုတာက Set Point က 50 % ဆိုရင် 30% ကနေ 60% အထိ ပမာဏက လက်ခံပေမယ့် Infinity Gain ဖြစ်လာရင် 0% ကနေ 100% ဖြစ်လာလိမ့်မယ်။  Set Point ရဲ့လက်ခံနိုင်တဲ့ပမာဏထက် အနိမ့်အမြင့်က ကြမ်းနေလိမ့်မယ်။ 

    Controller က Zero Gain ဖြစ်လာခဲ့ရင်တော့, PV နဲ့ SP တန်ဖိုးကို Controller က တုံ့ပြန်တော့မှာမဟုတ်ဘူး။ Bias တန်ဖိုးမှာပဲ ရှိနေတော့မှာပါ။ သူ့ကိုမြင်သာအောင် တွက်ပြပါမယ်။ 

m = Kp ( PV - SP ) + b

m = 0 (PV - SP ) + b

m = b

    ဒါကြောင့်မလို့ Gain တန်ဖိုးကို Infinity Gain နဲ့ Zero Gain ကြားကဟာပဲ ရွေးချယ်သင့်ပါတယ်။ Gain ဆိုတာကလည်း Process နဲ့ တခြား Controller Loop မှာရှိတဲ့ Instruments တွေအပေါ်မှာ မူတည်ပြီးတော့ Controller မှာ သုံးရတာပါ။  
    ပထမပုံကိုကြည့်ပါ။ အကယ်၍ Gain တန်ဖိုး အရမ်းများသွားရင် PV က SP တန်ဖိုးမရောက်ခင်အထိ  Frequency လိုမျိူး အတက်အကျ လှိုင်းလေးတွေပိုများနေလိမ့်မယ်။
     ဒုတိယပုံကိုကြည့်ရင် Gain တန်ဖိုးက နည်းသွားတဲ့အခါ PV က SP တန်ဖိုး မရောက်ခင် Steady-State ပုံစံလိုမျိူး Set Point (SP) ကို တဖြည်းဖြည်းချင်းစီ ချဥ်းကပ်သွားမယ်။ ဒါပေမယ့် Set Point တန်ဖိုးကို ရောက်ဖို့အတွက်ကတော့ အချိန်ယူရလိမ့်မယ်။

Ref : instrumentationtools

    

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...