Skip to main content

On/Off Control Theory အကြောင်း

    Covid ကနေ အခုချိန်ထိ Laptop အရှေ့မှာပဲ စာဖတ်ဖြစ်တာများပါတယ်။ ဖတ်ဖြစ်တာတွေက Industrial တို့ Factory Automationတို့ Control Theory တို့ကိုဖတ်ဖြစ်တာများပါတယ်။ Control Theory ဆိုလို့ Proportional-Only Control Theory အကြောင်း အရှေ့မှာလည်း ရေးဖူးပါတယ်။ အခုလည်း ဖတ်ရင်းနဲ့ On/Off Control Theory အကြောင်းကိုဖတ်ဖြစ်မိပါတယ်။

    မူလစာရေးသူဟာ Industrial Engineer တစ်ယောက်ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့လက်ထောက်နဲ့ သူနဲ့ဟာ စက်ရုံမှာ အလုပ်လုပ်ရင်း စက်ရုံက Process အကြောင်းပြောဖြစ်ကြပါတယ်။ သူရဲ့ Process ကတော့ Metal ရဲ့ Temperature ကိုထိန်းပေးဖို့ပါပဲ။ 
 
     တစ်နေရာ အရောက်မှာတော့ သူ့လက်ထောက်က ဒီ Process ရဲ့ Controller မှာ ဘာလို့ Tune လုပ်ဖို့လိုတာလည်းမေးပါတယ်။  အဲ့ဒီမှာ မူလစာရေးတဲ့သူက ဘယ်လိုပြန်ပြောလဲဆိုရင် Metal ဟာ အေးလာရင် Bunner ကို ဖွင့်ပြီး အပူပေးမယ် နောက်တစ်အားပူလာရင် Bunner ကို ပြန်ပိတ်ဖို့အတွက်သုံးတာလို့ အလွယ်ဖြေလိုက်မိပုံရပါတယ်။ အဲ့ဒီအခါ သူ့လက်ထောက်က "ဒါဆိုရင် On/Off လုပ်နေတဲ့သဘောပဲပေါ့" လို့ဖြေလိုက်မိပါတယ်။

    သူပြောလိုက်တဲ့စကားဟာ မမှားပါဘူး။ သဘောတရားအရသာ ဖွင့်လိုက် ပိတ်လိုက် လိုလုပ်နေရတာပါ။ တကယ်တမ်းပြောရရင် အဲ့ဒီလို Process တွေရဲ့  Algorithm တွေဟာ ခုနကပြောသလို On/Off လုပ်နေတဲ့သဘောတရားထက် အများကြီးပိုနေပါတယ်။ ကျွန်တော်အရှေ့ကရေးခဲ့သလိုပဲ Error ရှာတာတွေ, Gain အပြောင်းအလဲတွေ,  Bias တွေ ဟာမျိုးတွေနဲ့ သုံးနေရတာပါ။ တစ်ချက်ရှိတာက အိမ်အပူချိန် Temperature Control မျိုးဆိုရင် ဒီလိုပုံစံကိုသုံးဖို့က ပြသာနာမရှိပေမယ့် စက်ရုံ သို့မဟုတ် အလုပ်ရုံမှာတော့ ဒီလိုဟာမျိုးကိုသုံးဖို့ကမသင့်တော်လှပါဘူး။

    On/Off သဘောတရားရဲ့ ဥပမာပြောရရင် Metal တစ်ခုကို အပူပေးဖို့ Upper Set Point (USP) က100°C နဲ့ Lower Set Point (LSP) က 90°C ပေးထားတယ်ဆိုပါတော့။ Process Variable (PV) ဟာ LSP ရဲ့ တန်ဖိုးအောက်ရောက်နေရင် အပူပေးဖို့ဖွင့်ထားမယ်။ USP ရောက်လာရင် အပူပေးတာ ပိတ်မယ်။ ပြောရရင် Fully Open , Full Close ပုံစံနဲ့တူသွားတာပေါ့။
    ပုံကိုကြည့်လိုက်ပါ။ အပြာလိုင်း PV ဟာ Stable မဖြစ်ပဲ တတ်လိုက်ကျလိုက် ဖြစ်နေပါတယ်။ ခုနကပြောလိုက်တဲ့ ဥပမာအရဆိုရင် Set Point က နှစ်ခုရှိနေပါမယ်။ နောက်အဲ့တာက Stable လည်းဖြစ်မနေဘူး။ Control Element တွေကလည်း ခဏခဏ အဖွင့်အပိတ်လုပ်နေရပါတယ်။ အဲ့လို On/Off Control တွေလုပ်တာကလည်း Output ရဲ့  Setpoint ကို မတိကျစေသလို Control Element ပစ္စည်းတွေရင် Life Service သက်တမ်းကိုလည်းတိုစေပါတယ်။ နောက် Output ရဲ့  Quality ပါလည်း ညံ့ဖျင်းစေနိုင်ပါတယ်။ ဒါကြောင့် Proportional Controller မျိုးတို့ PID တို့ကိုသုံးမှပဲ အဆင်ပြေမှာပါ။

Reference : Instrumentationtools

Comments

Popular posts from this blog

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

PLC Scan Time Problem

PLC Scan Time Problem     ဒီ Post ကို အရင် account အ​ဟောင်းမှာတုန်းက​တော့တင်ဖူးတယ်။ ဒါ​ပေမယ့် အခုကပြန်ပြီး နားလည်လွယ်မယ့်ပုံစံမျိုးနဲ့ပဲကျွန်​တော်​ရေး​ပေးပါမယ်။     ကျွန်​တော်တို့  PLC project ​တွေမှာဆိုရင် Programming ကို Ladder Diagram နဲ့​ရေးကြတာများပါတယ်။ တခြား Structure Text တို့ Function  Block တို့ Sequence တို့နဲ့လည်း​ရေးလို့ရပါတယ်။သို့​သော်လည်း ဒီကိစ္စမှာ​တော့ Ladder Diagram နဲ့ ဥပမာကိုတင်ပြသွားပါမယ်။      Scan Time ဆိုတာ ဘာလဲအရင် အကျဥ်းချုံပြီး​ပြောပါမယ်။ ပထမပုံက Ladder Diagram လိုပုံစံမျိုး​ရေးထားတယ်ဆိုပါစို့။ Program ရဲ့ ထိပ်ဆုံးအပိုင်းက​နေ Program ရဲ့ အဆုံးအထိ PLC က Scan ဖတ်ပါတယ်။ Scan ဖတ်နှုန်းဟာလည်း ​ရေးတဲ့ Program ​ပေါ်မူတည်ပြီး တစ်စက္ကန့်ကို Scan ဘယ်နှကြိမ်ဖတ်လည်းဆိုတာ​တွေရှိပါတယ်။      ကျွန်​တော်တို့ PLC Ladder Diagram မှာ Program ​တွေ​ရေးတယ်ဆိုရင် သာမန် Line 20 ခု, 30 ခု​လောက်​တော့ ပြသာနာမရှိ​လောက်ပါဘူး။ သို့​သော်လည်း Line အခု 20တို့ 30တို့မှာ High Counter ​တွေတို့ တခြား API ​တွေ အများကြီး​တွေသုံး...