Automation နဲ့ဆိုင်မဆိုင်တော့ မသိပေမယ့် Motion နဲ့ Mechanical သမားတွေဘက်တော့ဆိုင်လိမ့်မယ်။
Gear Ratio တွက်မယ့်ဆိုင် Driver နဲ့ Driven ရဲ့ Teeth ကိုသိဖို့လိုလိမ့်မယ်။ Teeth ကတော့ စက်သွားအရေအတွက်ပေါ့။ Gear Ratio ကို တွက်မယ်ဆိုရင် Driven ကို တည်ပြီးတော့ Driving နဲ့ စားပေးရုံပဲ။ Driving သို့မဟုတ် Driver ဆိုတာက မောင်းပေးတဲ့စက်သွားတစ်ခု, Driven ဆိုတာက Driver ရဲ့ မောင်းပေးတာကို ခံရတဲ့ စက်သွားပေါ့။
Gear Ratio = Driven / Driving
ဥပမာတွက်ပြရရင် Driving စက်သွား Teeth အရေအတွက်က 30ခုနဲ့ Driven က Teeth အရေအတွက်က အခု 60 ရှိတယ်ဆိုပါတော့။ တွက်ကြည့်မယ်ဆိုရင်
Gear Ratio = Driven / Driving = 60/30 = 2:1
အဲ့တော့ Driving က နှစ်ပတ်ပြည့်အောင်လည်ပြီးတဲ့အချိန်ရောက်မှ Driven က တစ်ပတ်ပြည့်အောင်လည်ပြီးတယ်လို့ဆိုလိုတာပါ။ ဒါကတော့ Gear Ratio အပိုင်းပေါ့။
နောက်တစ်ခုက Gear တစ်ခုရဲ့ Speed ကိုတွက်တာ။ သူ့ရဲ့ Equation ကတော့
S1 × T1 = S2 × T2
S ဆိုတာကတော့ Speed RPM ကိုပြောတာဖြစ်ပြီးတော့ T ဆိုတာကတော့ Gear ရဲ့ Teeth အရေအတွက်ကိုပြောတာပါ။
Driving ဖြစ်တဲ့ 7 ခုပါတဲ့ Gear တစ်ခုက အရှိန် 130 RPM နဲ့လည်နေတယ်ဆိုပါတော့။ အဲ့တာနဲ့ချိတ်ထားတဲ့ Teeth အခု 30 ပါ Gear ရဲ့ Speed ကိုတွက်မယ်ဆိုရင်,
S1 × T1 = S2 × T2
130 × 7 = S2 × 30
910 = S2 × 30
910 / 30 = S2
S2 = 30.33 RPM
အဖြေကတော့ အခု 30 ပါတဲ့ Gear ဟာ 30.33 RPM နှုန်းနဲ့လည်နေတယ်လို့တွက်ယူလိုက်တာပါပဲ။
Reference : Wikihow
Comments
Post a Comment