Skip to main content

What is OPC UA?


    OPC UA ရဲ့အဓိပ္ပာယ်က Open Platform Communication Unified Architecture လို့ခေါ်သလို OLE (Object Linking and Embedding) လို့လည်းခေါ်ပါတယ်။ OPC UA ဆိုတာ OPC Foundation ကနေ Industrial Automation အတွက်  Machine to Machine Communication Protocol အမျိုးအစားတစ်ခုဖြစ်ပါတယ်။အရင်က PLC နဲ့ HMI,SCADA ကြားမှာ Communication အတွက် Standard မရှိခဲ့ကြပါဘူး။ ဒါကြောင့်  Multiple Communication တွေသုံးဖို့အတွက် OPC ကိုစပြီးသုံးလာကြပါတယ်။

    OPC UA ဟာ Secure ဖြစ်လို့ သူထဲက Data အချက်အလက်တွေကို အလွယ်တကူယူလို့မရသလို Publie/Private Key တွေနဲ့ Encryption လုပ်ထားတဲ့အတွက် Modbus ထက်စာရင် ပိုလုံခြုံပါတယ်။

    OPC မှာ Client/Server ဆိုပြီးရှိပါတယ်။ OPC Server ထဲကိုဘာတွေချိတ်ဆက်သလဲဆိုရင် Sensor,I/O Link , Acuators , Modbus, Profinet နဲ့ OPC UA Client တွေနဲ့တွဲပြီးတော့ သုံးပါတယ်။ ဒီနေရာမှာ OPC Server ဆိုတာက Program ဖြစ်ပြီးတော့ သူကိုသုံးတဲ့ Hardware တွေက Edge Server လည်း ဖြစ်နိုင်သလို IIOT လည်းဖြစ်နိုင်သလို Rasberry Pi လည်းဖြစ်နိုင်ပါတယ်။ ပြောရရင် ဘာနဲ့တူလည်းဆိုရင် မီး Extension ကြိုးခွေ ချိတ်ဆက်ပုံသဘောတရားနဲ့ ပိုတူပါတယ်။ Server တစ်ခုတည်းကနေ Client တွေကိုချိတ်ဆက်တာပေါ့။ OPC Client ကတော့ Server နဲ့ ချိတ်ဆက်ပြီးတော့ SCADA တို့ HMI လိုမျိုးသုံးပြီး Monitoring လုပ်တာပါပဲ။ Client နဲ့ Server ကြားမှာပဲ တန်ဖိုးအချက်အလက်တွေကို Read/Write လုပ်လို့ရတာပါ။ 

    မြင်သာအောင်ပြောရရင် ဥပမာ PLC ထဲက Data ကို OPC UA Server ထဲပို့ပြီးတော့ Sever ကနေတစ်ဆင့် Client ကိုပို့ပြီးအဲ့ဒီ ပို့ထားတဲ့ Data တွေကို SCADA ကပြတာပေါ့။ ဒါကတော့ ဘယ်လိုအလုပ်လုပ်လဲသဘောတရားပေါ့။ အောက်ကပုံကိုကြည့်ရင်သိနိုင်ပါတယ်။
    OPC UA ရဲ့ ဆင့်ကဲဖြစ်စဥ်တွေကိုပြောရရင် OPC DA Server ကအရင်စတာပါ။ သူ့မှာ Data ထဲက Value ရယ်, Time ရယ် Quality Information တွေရယ်ပဲပါတာပါ။ နောက်ကျတော့ OPC A&E ဆိုပြီးပေါ်လာပါတယ်။ ဘာထပ်ပါလည်းဆိုရင် Alarm တွေ Message တွေ State Management တွေပါလာပါတယ်။ နောက်တစ်ခါ OPC HDA Server ဆိုပြီးထက်ပေါ်လာပြန်တယ်။ ဘာပါလာပြန်လည်းဆိုရင် Alarm ဘယ်အချိန်မှာဖြစ်တာလည်းဆိုတဲ့ Historical နဲ့ Time Data Base တွေပါလာပြန်တယ်။ ဒါကြောင့် 2009 ခုနစ်မှာ ဒါတွေကိုအကုန်လုံးသုံးနိုင်တဲ့ OPC UA ဆိုတာကို ယနေ့အထိအသုံးပြုကြပါတယ်။ အရင် OPC တွေကတော့ Window မှာပဲအလုပ်လုပ်တာပါ။နောက်ပိုင်းမှ Linux နဲ့ Mac ပေါ်မှာလည်း အသုံးပြုနိုင်ပါတယ်။
    
 Reference : Rajvir Singh, The OPCFoundation, M.A.C SolUK

Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...