OPC UA ရဲ့အဓိပ္ပာယ်က Open Platform Communication Unified Architecture လို့ခေါ်သလို OLE (Object Linking and Embedding) လို့လည်းခေါ်ပါတယ်။ OPC UA ဆိုတာ OPC Foundation ကနေ Industrial Automation အတွက် Machine to Machine Communication Protocol အမျိုးအစားတစ်ခုဖြစ်ပါတယ်။အရင်က PLC နဲ့ HMI,SCADA ကြားမှာ Communication အတွက် Standard မရှိခဲ့ကြပါဘူး။ ဒါကြောင့် Multiple Communication တွေသုံးဖို့အတွက် OPC ကိုစပြီးသုံးလာကြပါတယ်။
OPC UA ဟာ Secure ဖြစ်လို့ သူထဲက Data အချက်အလက်တွေကို အလွယ်တကူယူလို့မရသလို Publie/Private Key တွေနဲ့ Encryption လုပ်ထားတဲ့အတွက် Modbus ထက်စာရင် ပိုလုံခြုံပါတယ်။
OPC မှာ Client/Server ဆိုပြီးရှိပါတယ်။ OPC Server ထဲကိုဘာတွေချိတ်ဆက်သလဲဆိုရင် Sensor,I/O Link , Acuators , Modbus, Profinet နဲ့ OPC UA Client တွေနဲ့တွဲပြီးတော့ သုံးပါတယ်။ ဒီနေရာမှာ OPC Server ဆိုတာက Program ဖြစ်ပြီးတော့ သူကိုသုံးတဲ့ Hardware တွေက Edge Server လည်း ဖြစ်နိုင်သလို IIOT လည်းဖြစ်နိုင်သလို Rasberry Pi လည်းဖြစ်နိုင်ပါတယ်။ ပြောရရင် ဘာနဲ့တူလည်းဆိုရင် မီး Extension ကြိုးခွေ ချိတ်ဆက်ပုံသဘောတရားနဲ့ ပိုတူပါတယ်။ Server တစ်ခုတည်းကနေ Client တွေကိုချိတ်ဆက်တာပေါ့။ OPC Client ကတော့ Server နဲ့ ချိတ်ဆက်ပြီးတော့ SCADA တို့ HMI လိုမျိုးသုံးပြီး Monitoring လုပ်တာပါပဲ။ Client နဲ့ Server ကြားမှာပဲ တန်ဖိုးအချက်အလက်တွေကို Read/Write လုပ်လို့ရတာပါ။
မြင်သာအောင်ပြောရရင် ဥပမာ PLC ထဲက Data ကို OPC UA Server ထဲပို့ပြီးတော့ Sever ကနေတစ်ဆင့် Client ကိုပို့ပြီးအဲ့ဒီ ပို့ထားတဲ့ Data တွေကို SCADA ကပြတာပေါ့။ ဒါကတော့ ဘယ်လိုအလုပ်လုပ်လဲသဘောတရားပေါ့။ အောက်ကပုံကိုကြည့်ရင်သိနိုင်ပါတယ်။
OPC UA ရဲ့ ဆင့်ကဲဖြစ်စဥ်တွေကိုပြောရရင် OPC DA Server ကအရင်စတာပါ။ သူ့မှာ Data ထဲက Value ရယ်, Time ရယ် Quality Information တွေရယ်ပဲပါတာပါ။ နောက်ကျတော့ OPC A&E ဆိုပြီးပေါ်လာပါတယ်။ ဘာထပ်ပါလည်းဆိုရင် Alarm တွေ Message တွေ State Management တွေပါလာပါတယ်။ နောက်တစ်ခါ OPC HDA Server ဆိုပြီးထက်ပေါ်လာပြန်တယ်။ ဘာပါလာပြန်လည်းဆိုရင် Alarm ဘယ်အချိန်မှာဖြစ်တာလည်းဆိုတဲ့ Historical နဲ့ Time Data Base တွေပါလာပြန်တယ်။ ဒါကြောင့် 2009 ခုနစ်မှာ ဒါတွေကိုအကုန်လုံးသုံးနိုင်တဲ့ OPC UA ဆိုတာကို ယနေ့အထိအသုံးပြုကြပါတယ်။ အရင် OPC တွေကတော့ Window မှာပဲအလုပ်လုပ်တာပါ။နောက်ပိုင်းမှ Linux နဲ့ Mac ပေါ်မှာလည်း အသုံးပြုနိုင်ပါတယ်။
Reference : Rajvir Singh, The OPCFoundation, M.A.C SolUK
Comments
Post a Comment