PROFIBUS ကို 1989 ခုနစ်တုန်းက German အစိုးရနဲ့ BMFT Cooperation နဲ့ပေါင်းပြီးတော့ Develop လုပ်ခဲ့တာပါ။ Profibus မှာ သိသလောက်ကတော့ Profibus DP, Profibus PA နဲ့ Profibus FMS ဆိုပြီးတော့ရှိပါတယ်။ အခုကတော့ Profibus DP နဲ့ Profibus PA ကို ကျွန်တော် Internet ကရော Youtube ကပါဖတ်မိသလောက် ဉီးစားပေးပြီးတော့ပြောပြသွားပါမယ်။
Features of Profibus
Profibus မှာ D Type 9 pin Connector သုံးပါတယ်။ Master နဲ့ Slave ပုံစံမျိုးဖြစ်ပြီတော့ Nodes သို့မဟုတ် သုံးမယ့် Device ကတော့ Repeater မပါရင် 32 ခု သုံးလို့ရပြီးတော့ Repeater ပါရင် 126 ခုအထိသုံးနိုင်ပါတယ်။ တစ်ချို့ကတော့ 127 အထိ အသုံးပြုနိုင်တယ်ဆိုပြီးလည်းရေးထားပါတယ်။ Max Length ကတော့ 24 Km အထိသုံးနိုင်ပါတယ်။ Baud Rate ကတော့ 9.6kbp/s ကနေ 12 Mbp/s အထိသုံးနိုင်ပါတယ်။ Maximum Message ကတော့ 244 Byte အထိရှိပြီး Overhead ပါလာရင် 256 အထိသုံးလို့ရပါတယ်။
Profibus Cable
Profibus Cable ကတော့ ၂မျိုးရှိပါတယ်။ Twisted Pair Cable နဲ့ Shielded ပါ။ Aluminium နဲ့ပြုလုပ်ထားတာပါ။ Type A မှာတော့ Transmission Rate 500 kbaud အထက်အတွက်သုံးတာဖြစ်ပြီးတော့ Type B ကတော့ Lower Transmission Speed အတွက်သုံးတာပါ။
Network's Topologies
Network Topology အနေနဲ့အသုံးများတာကတော့
-Ring
-Branch
-Star
-Dasiy Chain တို့ဖြစ်ပါတယ်။
Profibus DP
Profibus ဆိုတဲ့အဓိပ္ပာယ်တော့ Process Field Bus လို့ခေါ်တာပါ။ သူ့အနောကျက DP ကတော့ "Decentralized Peripherials" လိုအဓိပ္ပာယ်ရပါတယ်။ ကျွန်တော်တို့ PLC ကို Sensor နဲ့ အလုပ်ရုံတွေမှာ Control Room ကနေ တိုက်ရိုက် ချိတ်ဆက်မယ်ဆိုရင် အများဆုံး 1500 feet လောက်အထိချိတ်ဆက်လို့ရပါတယ်။
တကယ့်လက်တွေ့မှာတော့ အဲ့လိုမျိုး Control Room ကနေ Sensor တွေကိုကြိုးနဲ့ တိုက်ရိုက်ဆင်မယ်ဆိုရင် Wiring Cost ကတစ်အားများပါတယ်။ ဒါကြောင့် Wiring Cost တွေကိုလျော့ဖို့ Profibus DP ကိုသုံးလာပါတယ်။
သုံးနည်းကတော့ I/O Modules တစ်ခုကို Field တစ်ခုမှာ Sensor နဲ့ အနီးကပ်ဆင်ပြီးတော့ I/O Modules နဲ့ပေါင်းသုံးတဲ့ IM ခေါ် Interface Module ကနေ RS 485 ကြိုးတစ်ကြိုးတည်းနဲ့ Control Room က PLC ကိုချိတ်ရုံပါပဲ။ တချို့က Profibus DP လည်းသုံးပြီးတော့ Sensor ကို တိုက်ရိုက်ချိတ်တာလည်းရှိတယ်။ အဲ့တာကို Hybird လို့ခေါ်တယ်။ Redundant အနေနဲ့လည်းသုံးလို့ရတယ်။ Interface ကနေ PLC ကို RS 485 ကြိုးနှစ်ခုကနေတန်းဆက်တာပါပဲ။ တစ်ခုသုံးမရရင် နောက်တစ်ခုသုံးပေါ့။
Profibus PA
PA ဆိုတာကတော့ Process Automation ကိုပြောတာပါ။ သူကတော့ HART နဲ့ 4-20 mA Current Loop နဲ့အပြိုင် Design ထုတ်ထားတာပါ။
Profibus PA ကိုအသုံးပြုခြင်းအားဖြင့် Sensor အကုန်လုံးက တူညီတဲ့ Bus တစ်ခုတည်းမှာပဲ သုံးလို့ရနိုင်ပြီးတော့ I/O Block လည်းမလိုတော့ပါဘူး။ သို့သော် Third Party အနေနဲ့ Segment Coupler ကိုတော့ သုံးရပါမယ်။
Reference : Realpars
Comments
Post a Comment