Skip to main content

PROFIBUS DP & PA

    PROFIBUS ကို 1989 ခုနစ်တုန်းက German အစိုးရနဲ့ BMFT Cooperation နဲ့ပေါင်းပြီးတော့ Develop လုပ်ခဲ့တာပါ။ Profibus မှာ သိသလောက်ကတော့ Profibus DP, Profibus PA နဲ့ Profibus FMS ဆိုပြီးတော့ရှိပါတယ်။ အခုကတော့ Profibus DP နဲ့ Profibus PA ကို ကျွန်တော် Internet ကရော Youtube ကပါဖတ်မိသလောက် ဉီးစားပေးပြီးတော့ပြောပြသွားပါမယ်။

Features of Profibus

   Profibus မှာ D Type 9 pin Connector သုံးပါတယ်။ Master နဲ့ Slave ပုံစံမျိုးဖြစ်ပြီတော့ Nodes သို့မဟုတ် သုံးမယ့် Device ကတော့ Repeater မပါရင် 32 ခု သုံးလို့ရပြီးတော့ Repeater ပါရင် 126 ခုအထိသုံးနိုင်ပါတယ်။ တစ်ချို့ကတော့ 127 အထိ အသုံးပြုနိုင်တယ်ဆိုပြီးလည်းရေးထားပါတယ်။ Max Length ကတော့ 24 Km အထိသုံးနိုင်ပါတယ်။ Baud Rate ကတော့ 9.6kbp/s ကနေ 12 Mbp/s အထိသုံးနိုင်ပါတယ်။ Maximum Message ကတော့ 244 Byte အထိရှိပြီး Overhead ပါလာရင် 256 အထိသုံးလို့ရပါတယ်။
    
Profibus Cable
    Profibus Cable ကတော့ ၂မျိုးရှိပါတယ်။ Twisted Pair Cable နဲ့ Shielded ပါ။ Aluminium နဲ့ပြုလုပ်ထားတာပါ။  Type A မှာတော့ Transmission Rate 500 kbaud အထက်အတွက်သုံးတာဖြစ်ပြီးတော့ Type B ကတော့ Lower Transmission Speed အတွက်သုံးတာပါ။

Network's Topologies

Network Topology အနေနဲ့အသုံးများတာကတော့

-Ring
-Branch
-Star
-Dasiy Chain တို့ဖြစ်ပါတယ်။

Profibus DP

    Profibus ဆိုတဲ့အဓိပ္ပာယ်တော့ Process Field Bus လို့ခေါ်တာပါ။ သူ့အနောကျက DP ကတော့ "Decentralized Peripherials" လိုအဓိပ္ပာယ်ရပါတယ်။  ကျွန်တော်တို့ PLC ကို Sensor နဲ့ အလုပ်ရုံတွေမှာ Control Room ကနေ တိုက်ရိုက် ချိတ်ဆက်မယ်ဆိုရင် အများဆုံး 1500 feet လောက်အထိချိတ်ဆက်လို့ရပါတယ်။
    တကယ့်လက်တွေ့မှာတော့ အဲ့လိုမျိုး Control Room ကနေ Sensor တွေကိုကြိုးနဲ့ တိုက်ရိုက်ဆင်မယ်ဆိုရင် Wiring Cost ကတစ်အားများပါတယ်။ ဒါကြောင့် Wiring Cost တွေကိုလျော့ဖို့ Profibus DP ကိုသုံးလာပါတယ်။
     သုံးနည်းကတော့ I/O Modules တစ်ခုကို Field တစ်ခုမှာ Sensor နဲ့ အနီးကပ်ဆင်ပြီးတော့ I/O Modules နဲ့ပေါင်းသုံးတဲ့ IM ခေါ်  Interface Module ကနေ RS 485 ကြိုးတစ်ကြိုးတည်းနဲ့ Control Room က PLC ကိုချိတ်ရုံပါပဲ။ တချို့က Profibus DP လည်းသုံးပြီးတော့ Sensor ကို တိုက်ရိုက်ချိတ်တာလည်းရှိတယ်။ အဲ့တာကို Hybird လို့ခေါ်တယ်။ Redundant အနေနဲ့လည်းသုံးလို့ရတယ်။ Interface ကနေ PLC ကို RS 485 ကြိုးနှစ်ခုကနေတန်းဆက်တာပါပဲ။ တစ်ခုသုံးမရရင် နောက်တစ်ခုသုံးပေါ့။

Profibus PA
    PA ဆိုတာကတော့ Process Automation ကိုပြောတာပါ။ သူကတော့ HART နဲ့ 4-20 mA Current Loop နဲ့အပြိုင် Design ထုတ်ထားတာပါ။
    Profibus PA ကိုအသုံးပြုခြင်းအားဖြင့် Sensor အကုန်လုံးက တူညီတဲ့ Bus တစ်ခုတည်းမှာပဲ သုံးလို့ရနိုင်ပြီးတော့ I/O Block  လည်းမလိုတော့ပါဘူး။ သို့သော် Third Party အနေနဲ့ Segment Coupler ကိုတော့ သုံးရပါမယ်။

Reference : Realpars

Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...