ကနဦး အစပိုင်းမှာတော့ PLC Configuration ထဲမှာ Single CPU တွေကိုပဲအသုံးများကြပါတယ်။ အဲ့ဒီ Single CPU တွေကပဲ Planet တစ်ခုလုံးကို ထိန်းချုပ်အလုပ်လုပ်စေပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ပြသာနာကြီးတစ်ခုကရှိလာပါတယ်။
အကယ်၍ CPU ဟာ အကြောင်းအမျိုးမျိုးကြောင့် Failed ဖြစ်သွားခဲ့သော်လည်းကောင်း သူ့ရဲ့ Power Supply က ပြတ်တောက်သွားခဲ့လျှင်သော်လည်းကောင်း အဲ့ဒီ CPU နဲ့ ထိန်းချုပ်ထားတဲ့ Process တွေက အကုန်ရပ်သွားမှာပါ။ Process ရပ်ရပေမယ့် အရေးမကြီးတဲ့ လုပ်ငန်းစဥ်တွေမှာဆိုရင် ကိစ္စမရှိပေမယ့် တကယ်အရေးကြီးတဲ့ Process တွေမှာဆိုရင် ပြသာနာရှိပါတယ်။ ဒီလိုဖြစ်စဥ်မျိုးကို Downtime ဖြစ်တယ်လို့ခေါ်ပါတယ်။
ဒီလိုဖြစ်စဥ်တွေကို ကျော်လွှားဖို့အတွက်ကို Hot Standby လို့ခေါ်တဲ့ Feature တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ Hot Standby ဆိုတာက Main CPU တစ်ခုနဲ့ အရံ CPU ခေါ် Redundant CPU တစ်ခုနဲ့တွဲပေးတာပါပဲ။ ဘယ်လိုအလုပ်လုပ်လဲဆိုရင် Main CPU က ပြတ်သွားခဲ့ရင် Standby CPU က တာဝန်ယူလိုက်တာပဲ။ Standby ကအလိုလိုနေရင် Main CPU ဖြစ်သွားတာပေါ့။ အဲ့လိုမျိုးတာ၀န်အလွှဲအပြောင်းကြာချိန်ဟာ အရမ်းကိုမြန်လွန်းတာကြောင့်မလို့ သတိထားမိမှာမဟုတ်ပါဘူး။ နောက် Main CPU ရဲ့ လုပ်နေတဲ့အချိန်မှာပြတ်သွားရင်လည်း Standby က အဲ့ဒီနေရာကနေပဲစပြီးတော့ အလုပ်လုပ်ပါတယ်။
CPU ၂ခု တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ဆိုရင် Ethernet လိုမျိုး Medium တစ်ခုလိုအပ်ပါတယ်။ CPU တစ်ခုနဲ့တစ်ခု ပြောင်းလဲခြင်းကို Switchover လုပ်တယ်လို့ခေါ်ပါတယ်။ Switchover မလုပ်ခင် CPU နှစ်ခုရဲ့အခြေအနေဟာအောက်ပါအတိုင်းဖြစ်ရပါမယ်။ မဟုတ်ရင် Switchover ဖြစ်လာမှာမဟုတ်ပါဘူး။
- Ethernet တပ်ဆင်မှုကမှန်ကန်ရမယ်
- CPU နှစ်ခုစလုံးက ကောင်းနေရမယ်
- CPU နှစ်ခုစလုံးက ကွဲပြားခြားနားရမယ်
- CPU နှစ်ခုစလုံးရဲ့ Programming တွေဟာ တူညီနေရမယ်
- CPU နှစ်ခုစလုံးရဲ့ Firmware Versions တွေက တူညီနေရပါမယ်။
CPU နှစ်ခုရဲ့ Failed ဖြစ်မှု ပျက်စီးမှုတွေက Input နဲ့ Output တွေကိုပျက်စီးမှုမရှိပါဘူး။
PLC က Failure ဖြစ်တာက မရှိသလောက်ပါပဲ။ ဒါပေမယ့် တချို့ အကြောင်းအရာတွေကတော့
-PLC က Halt State ထဲရောက်နေရင်
-PLC က Hardware နဲ့ System Error ကိုတွေ့မိလို့ Fault Mode ထဲရောက်နေရင်
-Programmer က Primary PLC ရဲ့ Stop mode ထဲကို Software ကနေတစ်ဆင့်ထည့်ရင်
- PLC ကို Power Supply မပေးခဲ့ရင်
PLC ဟာ Fail ဖြစ်တတ်ပါတယ်။
Reference : instrumentationtools
Comments
Post a Comment