လွန်ခဲ့တဲ့လတုန်းက Modbus ထဲက Error Check ဘယ်လ်ုအလုပ်လုပ်သလဲဆိုတာပြောဖို့ကျန်သေးပါတယ်။အရေးမကြီးပေမယ့် အဲ့တာကို တိုတိုနဲ့ရှင်းရှင်းပြောပြပါမယ်။
Modbus ရဲ့ Communication Protocol က Address Field သို့ Slave ID, Function Code, Data နဲ့ Error Checkတို့ပါပဲ။ Error Check ကို Check Sum လည်းခေါ်သလို Sum Check လည်းခေါ်ပါတယ်။ ဒီ Method ကို Modbus RTU နဲ့ ASCII မှာသုံးကြပါတယ်။
Error Check ကဘယ်လိုအလုပ်လုပ်လဲမေးရင် အရှေ့ကရလာတဲ့ကိန်းဂဏန်းရလဒ်တွေပေါင်းလဒ်နဲ့တူလားမတူလားဆိုတာ စစ်တာပါပဲ။
လွယ်လွယ်နဲ့မြင်သာအောင်ပြောရရင် Slave ID ရဲ့တန်ဖိုးက 1, Function Code ရဲ့တန်ဖိုးက 2 , Data ရဲ့တန်ဖိုးက 3 ဆိုပါတော့။ အဲ့ကိန်းနံပါတ်တွေကိုပေါင်းမယ်ဆိုရင် 1+2+3 = 6 ဆိုတာရပါမယ်။ ဒါကြောင့် Error Check ဟာလည်း 6 ဆိုတဲ့ တန်ဖိုးဖြစ်ကိုဖြစ်ရမှာပါ။ မဖြစ်ရင်တော့ Communication Protocol ဟာ Error ပြနေပါမယ်။ ဒါက CRC နဲ့တွက်တဲ့နည်းပါပဲ။ တခြားတွက်နည်းလည်းရှိပေမယ့် ရှုပ်ကုန်မှာဆိုလို့ သဘောတရားလောက်ပဲရှင်းပြလိုက်တာပါ။
Comments
Post a Comment