Skip to main content

Sequential Flow Chart (SFC)

Sequential Function Chart (SFC)

    IEC 61131-3 အရ , PLC Programming Language ၅ခုရှိပါတယ်။ အဲ့ထဲက ၃ခုက Graphical ဖြစ်ပြီး​တော့, ကျန်တဲ့ ၂ ခုဟာ Textual Language ​တွေဖြစ်ပါတယ်။
    Graphical Language ၃ခု က​တော့ Ladder Diagram, Function Block Diagram, နဲ့ Sequential Function Chart (SFC) တို့ဖြစ်တယ်။ Textual Language ၂ခုက​တော့ Standard Text နဲ့ Instruction List တို့ဖြစ်တယ်။
    အထက်​ဖော်ပြပါ Language ​တွေမှာ သူတို့ရဲ့ ကွဲပြားခြားနားတဲ့အားသားချက်ကိုယ်စီနဲ့ ကွဲပြားခြားနားတဲ့ တာဝန်​တွေကို ထမ်း​ဆောင်နိုင်ပါတယ်။
     အခုက Sequential Function Chart (SFC) ကိုပဲ အဓိကထားပြီး​ပြောပြသွားမှာပါ။ SFC မှာ Process Operation ရဲ့  Execution ကို ဆင့်ကဲ့ပုံစံမျိုးနဲ့ တည်​ဆောက်ထားပါတယ်။ Subroutines ​တွေကို ထိန်းချုပ်ဖို့အတွက် Ladder Diagram, Function Block Diagram, Instruction List, Standard Text တို့ကိုလည်း SFC မှာသုံးနိုင်ပါတယ်။

What is Sequential Function Chart?

    SFC ဟာ Sub-Program ​တွေပါဝင်တဲ့ Program ရဲ့  Internal Organization ကို တည်​ဆောက်ထားပါတယ်။ အဲ့ထဲက Sub-Program ​တွေကို တခြား Language ​တွေနဲ့လည်း​ရေးလို့ရပါတယ်။
    SFC Programming ရဲ့ တည်​ဆောက်မှုကို သုံးပိုင်းခွဲခြားနိုင်ပါတယ်။

SFC မှာရှိတဲ့ Program မှာ ဘာ​တွေပါဝင်လဲဆိုရင်-

▪ Steps (Stages)
▪ Transitions
▪ Action တို့ပါဝင်ပါတယ်။

Stage

    Stage လို့​ခေါ်တဲ့ Step တစ်ခုချင်းစီဟာ Process တစ်ခုချင်းစီရဲ့  State ကိုဆိုလိုတာပါ။ SFC ရဲ့အစပိုင်းလိုလိုမှာ Initial Stage က မပါမဖြစ်ပါပဲ။ Stage ​တွေဟာ Active အ​ခြေအ​နေလည်းဖြစ်နိုင်သလို Inactive အ​​ခြေအ​နေလဲဖြစ်​နိုင်ပါတယ်။ ​Stage တိုင်းမှာ တစ်ခါတစ်​လေ Associated Action လည်းတွဲဖက်ပြီးပါရင်ပါတတ်ပါတယ်။

    ​အောက်ဆုံးက Seqential Flow Chart (SFC) မှာ ပြထားသလိုမျိုး Stage ​တွေကို Sequential Order နဲ့စီထားပါတယ်။ အဲ့တာ​တွေကို Algorithms, Workflow သို့မဟုတ် Process Flow ​တွေမှာ ပြသဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပါတယ်။

Transition

    Transition ဆိုတာ Stage တစ်ခုနဲ့တစ်ခုကြားက Logic Condition ပါဝင်တဲ့ အရာတစ်ခုပါ။ Logic Condition ဆိုတာကလည်း Stage တစ်ခုနဲ့ တစ်ခုကို ကူး​ပြောင်းဖို့အတွက်အသုံးပြုတာပါ။ အဲ့ဒီ Logic Condition ကလည်း Input ရဲ့  Variables ရဲ့  Logical Function လည်းဖြစ်နိုင်သလို Internal System လည်းဖြစ်နိုင်ပါတယ်။

    သူ့ကို ဘယ်လို​​ဖော်ပြလည်းဆိုရင် Vertical Line ကို Horizontal Line တစ်ခုနဲ့ဖြတ်ပြီးဆွဲပြထားပါတယ်။

Action

     Action နဲ့အတူတွဲဖက်ထားတဲ့ Stage ဟာ ဘယ် Action မျိုးကို တာဝန်ထမ်း​ဆောင်မလဲဆိုတာကို Rectangle Sidebox နဲ့​ဖော်ပြပါတယ်။ Stage  တစ်ခုမှာ တစ်ခုသို့မဟုတ် တစ်ခုထက်ပိုတဲ့ Action ​တွေပါဝင်တတ်ပါတယ်။ အဲ့ဒီ Action ​တွေကလည်း Stage ​Active ဖြစ်မှပဲ သူတို့လည်း Active ဖြစ်လာမှာပါ။

Program Operation

    Sequential Flow Chart ဟာ Flow Chart တစ်ခုလိုပဲ Process တစ်ခုနဲ့တစ်ခုကို ဆက်သွယ်ထားတာပါ။ SFC မှာ Boolean Operation AND သို့မဟုတ် OR decision နဲ့လည်းသုံးပါတယ်။ AND ဆိုရင် Series နဲ့ စီထားပြီး​တော့ OR ဆိုရင် Parallel နဲ့ စီထားပါတယ်။

    Condition ကို​ဖော်ပြဖို့အတွက် နှစ်နည်းရှိပါတယ်။

▪ Symbolic
▪ Literal တို့ဖြစ်ပါတယ်။

    Stage တစ်ခုနဲ့တစ်ခုကြားမှာ Transition ကရှိကိုရှိရမှာပါ။ အဲ့ဒီ Transition ကလည်း Process ( Stage ) တစ်ခုကိုတစ်ခု ခုန်ဖို့ Jump လည်းဖြစ်နိုင်သလို Step Backward လည်းဖြစ်နိုင်ပါတယ်။
    Condition တိုင်းမှာ Transition တိုင်းနဲ့ ပတ်သတ်တတ်ပါတယ်။ အကယ်၍ Transitionရဲ့  Input Step ​တွေက Active ဖြစ်ရင်, သူရဲ့  Output Step က Active ဖြစ်ပြီး သူရဲ့  Input Step က Deactive ဖြစ်သွားပါမယ်။
   
    Sequential Flow Chart ရဲ့​ကောင်းကျိူးက​တော့

▪ Flow Chart နဲ့ ပုံစံတူတယ်။
▪ Sequential Control Operations ​တွေမှာ အသုံးဝင်တယ်။
▪ System ရဲ့  Main State ​တွေကို ပြသနိုင်တယ်။
▪ SFC က ဖြစ်နိုင်တဲ့ Status ​ပြောင်းလဲမှုကိုပြသနိုင်ပါတယ်။

Reference : Instrumentationtools

Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...