Sequential Function Chart (SFC)
IEC 61131-3 အရ , PLC Programming Language ၅ခုရှိပါတယ်။ အဲ့ထဲက ၃ခုက Graphical ဖြစ်ပြီးတော့, ကျန်တဲ့ ၂ ခုဟာ Textual Language တွေဖြစ်ပါတယ်။
Graphical Language ၃ခု ကတော့ Ladder Diagram, Function Block Diagram, နဲ့ Sequential Function Chart (SFC) တို့ဖြစ်တယ်။ Textual Language ၂ခုကတော့ Standard Text နဲ့ Instruction List တို့ဖြစ်တယ်။
အထက်ဖော်ပြပါ Language တွေမှာ သူတို့ရဲ့ ကွဲပြားခြားနားတဲ့အားသားချက်ကိုယ်စီနဲ့ ကွဲပြားခြားနားတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ပါတယ်။
အခုက Sequential Function Chart (SFC) ကိုပဲ အဓိကထားပြီးပြောပြသွားမှာပါ။ SFC မှာ Process Operation ရဲ့ Execution ကို ဆင့်ကဲ့ပုံစံမျိုးနဲ့ တည်ဆောက်ထားပါတယ်။ Subroutines တွေကို ထိန်းချုပ်ဖို့အတွက် Ladder Diagram, Function Block Diagram, Instruction List, Standard Text တို့ကိုလည်း SFC မှာသုံးနိုင်ပါတယ်။
What is Sequential Function Chart?
SFC ဟာ Sub-Program တွေပါဝင်တဲ့ Program ရဲ့ Internal Organization ကို တည်ဆောက်ထားပါတယ်။ အဲ့ထဲက Sub-Program တွေကို တခြား Language တွေနဲ့လည်းရေးလို့ရပါတယ်။
SFC Programming ရဲ့ တည်ဆောက်မှုကို သုံးပိုင်းခွဲခြားနိုင်ပါတယ်။
SFC မှာရှိတဲ့ Program မှာ ဘာတွေပါဝင်လဲဆိုရင်-
▪ Steps (Stages)
▪ Transitions
▪ Action တို့ပါဝင်ပါတယ်။
Stage
Stage လို့ခေါ်တဲ့ Step တစ်ခုချင်းစီဟာ Process တစ်ခုချင်းစီရဲ့ State ကိုဆိုလိုတာပါ။ SFC ရဲ့အစပိုင်းလိုလိုမှာ Initial Stage က မပါမဖြစ်ပါပဲ။ Stage တွေဟာ Active အခြေအနေလည်းဖြစ်နိုင်သလို Inactive အခြေအနေလဲဖြစ်နိုင်ပါတယ်။ Stage တိုင်းမှာ တစ်ခါတစ်လေ Associated Action လည်းတွဲဖက်ပြီးပါရင်ပါတတ်ပါတယ်။
အောက်ဆုံးက Seqential Flow Chart (SFC) မှာ ပြထားသလိုမျိုး Stage တွေကို Sequential Order နဲ့စီထားပါတယ်။ အဲ့တာတွေကို Algorithms, Workflow သို့မဟုတ် Process Flow တွေမှာ ပြသဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပါတယ်။
Transition
Transition ဆိုတာ Stage တစ်ခုနဲ့တစ်ခုကြားက Logic Condition ပါဝင်တဲ့ အရာတစ်ခုပါ။ Logic Condition ဆိုတာကလည်း Stage တစ်ခုနဲ့ တစ်ခုကို ကူးပြောင်းဖို့အတွက်အသုံးပြုတာပါ။ အဲ့ဒီ Logic Condition ကလည်း Input ရဲ့ Variables ရဲ့ Logical Function လည်းဖြစ်နိုင်သလို Internal System လည်းဖြစ်နိုင်ပါတယ်။
သူ့ကို ဘယ်လိုဖော်ပြလည်းဆိုရင် Vertical Line ကို Horizontal Line တစ်ခုနဲ့ဖြတ်ပြီးဆွဲပြထားပါတယ်။
Action
Action နဲ့အတူတွဲဖက်ထားတဲ့ Stage ဟာ ဘယ် Action မျိုးကို တာဝန်ထမ်းဆောင်မလဲဆိုတာကို Rectangle Sidebox နဲ့ဖော်ပြပါတယ်။ Stage တစ်ခုမှာ တစ်ခုသို့မဟုတ် တစ်ခုထက်ပိုတဲ့ Action တွေပါဝင်တတ်ပါတယ်။ အဲ့ဒီ Action တွေကလည်း Stage Active ဖြစ်မှပဲ သူတို့လည်း Active ဖြစ်လာမှာပါ။
Program Operation
Sequential Flow Chart ဟာ Flow Chart တစ်ခုလိုပဲ Process တစ်ခုနဲ့တစ်ခုကို ဆက်သွယ်ထားတာပါ။ SFC မှာ Boolean Operation AND သို့မဟုတ် OR decision နဲ့လည်းသုံးပါတယ်။ AND ဆိုရင် Series နဲ့ စီထားပြီးတော့ OR ဆိုရင် Parallel နဲ့ စီထားပါတယ်။
Condition ကိုဖော်ပြဖို့အတွက် နှစ်နည်းရှိပါတယ်။
▪ Symbolic
▪ Literal တို့ဖြစ်ပါတယ်။
Stage တစ်ခုနဲ့တစ်ခုကြားမှာ Transition ကရှိကိုရှိရမှာပါ။ အဲ့ဒီ Transition ကလည်း Process ( Stage ) တစ်ခုကိုတစ်ခု ခုန်ဖို့ Jump လည်းဖြစ်နိုင်သလို Step Backward လည်းဖြစ်နိုင်ပါတယ်။
Condition တိုင်းမှာ Transition တိုင်းနဲ့ ပတ်သတ်တတ်ပါတယ်။ အကယ်၍ Transitionရဲ့ Input Step တွေက Active ဖြစ်ရင်, သူရဲ့ Output Step က Active ဖြစ်ပြီး သူရဲ့ Input Step က Deactive ဖြစ်သွားပါမယ်။
Sequential Flow Chart ရဲ့ကောင်းကျိူးကတော့
▪ Flow Chart နဲ့ ပုံစံတူတယ်။
▪ Sequential Control Operations တွေမှာ အသုံးဝင်တယ်။
▪ System ရဲ့ Main State တွေကို ပြသနိုင်တယ်။
▪ SFC က ဖြစ်နိုင်တဲ့ Status ပြောင်းလဲမှုကိုပြသနိုင်ပါတယ်။
Reference : Instrumentationtools
Comments
Post a Comment