PLC Battery တွေက PLC အတွက်မရှိမဖြစ်အရေးပါတယ်အရာတစ်ခုဖြစ်ပါတယ်။ ၎င်းတို့က PLC သည် Power ပြတ်တောက်သွားတဲ့အချိန် သို့မဟုတ် PLC ကို Service အတွက် ဖြတ်တောက်ပြီး တစ်ခြားတစ်နေရာပို့ဆောင်တဲ့အချိန်တွေမှာဆိုရင် Controller ထဲက RAM တွေထဲကို Data တွေသိမ်းဆည်ဖို့အတွက် အသုံးပြုကြပါတယ်။ ဘယ်လို Data တွေကို ဒီ Memory တွေကသိမ်းဆည်ကြလည်းဆိုရင် Configuration Settings, Process Set Points, Logic Programs နဲ့ Real-Time Clock Data တွေကိုသိမ်းဆည်ကြပါတယ်။ အကယ်၍ အဆိုပါ Battery မရှိခဲ့ရင် မှတ်ထားတဲ့ Memory တွေ ပျောက်ကွယ်သွားပြီး အစကနေပြန်ပြီး Program ရေးသားရပါလိမ့်မယ်။ Lithium Thionyl Chloride Battery သည် အသုံးများတဲ့ PLC Battery တစ်ခုဖြစ်ပါတယ်။ သူရဲ့ ကြာရှည်ခံမှုနဲ့ Low Current အတွက်သင့်တော်တဲ့အသုံးပြုနိုင်မှုကြောင့်ဖြစ်ပါတယ်။ ဒီလို Battery တွေမှာ Output Voltage 3V သို့မဟုတ် 3.6V ရှိတတ်ပါတယ်။ သို့သော် High Voltage ဆိုရင် Cells တွေကို Series နဲ့ ဆက်ပြီးသုံးပါတယ်။ Lithium Battery တွေက 5နှစ်နဲ့သက်တမ်းခံပြီးတော့ Capacitor Based Asse...
ကျွန်တော်တို့ တစ်ချို့ရုံးတွေမှာ ကဒ်တွေနဲ့ Attendance ယူတာကိုတွေ့ဖူးကြမှာပါ။ Office attendance တွေမှာ Biometric Systems တွေကိုသုံးတဲ့အခါ Manual Intervention အတွက် လျော့ပေးနိုင်သလို Punctuality (အချိန်ကိုက်), Efficiency နဲ့ Accuracy ကို တိုးတတ်ပေးနိုင်စေသလို Proxy Cheating တွေပါလျော့ချပေးစေနိုင်ပါတယ်။ မြန်မာလိုမြင်သာအောင်ပြောရရင် အချိန်ခိုးလို့မရဘူးဆိုတဲ့သဘောပါ။ ဘာဖြစ်လို့လဲဆိုရင် အဲ့ဒီ System ထဲမှာအကုန် Record လုပ်ထားတာကြောင့်မလို့ဖြစ်ပါတယ်။ ဒီလိုနည်းစနစ်မျိုးကို Industrial Automation တွေမှာ Accessing အတွက် SCADA နဲ့ HMI System Graphics တွေမှာအသုံးပြုလာကြပါတယ်။ အဲ့လိုနည်းလမ်းနဲ့ ဒီ Field မှာ အသုံးအများဆုံးကတော့ RFID Technology ကိုသုံးလာကြပါတယ်။ What is an RFID System? ==================== RFID ရဲ့အပြည့်အစုံကတော့ Radio Frequency Identification System လို့အဓိပ္ပာယ်ရပါတယ်။ RFID သည် Wireless Communication အမျိုးအစားဖြစ်ပြီး Electromagnetic Waves ရဲ့ Radio Spectrum ကိုအသုံးပြုထားတာဖြစ်ပါတယ်။ ရိုးရှင်းနဲ့ နည်းနဲ့ ဖော်ပြရရင် Object Iden...